Episode 10

1.3K 85 1
                                    

“ ဟာသအိမ်ကလေး ”
...... Episode 10 ......

- - - - - - - - - - - - - - - - - - - - - - - - - - - - - - -



ရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင်လည်း သီ့ကို မျက်စိနောက်လောက်ပြီ ထင်သည် ။
သီ ရောက်နေသည်က မိုးယုယ တို့ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်ဖြစ်သည် ။
ကောင်မ နှစ်ကောင်ကလည်း အခုထိ ရောက်မလာသေး ။ သီ့မှာ လက်ဖက်ရည်ဆိုင်ထိပ် ထွက်မျှော်လိုက် ၊ ပြန်ထိုင်လိုက် ၊ ဖုန်းခေါ်တော့လည်း ကောင်မတွေက ဖုန်းမကိုင်နှင့် စိတ်တွေ ဂယောက်ဂယက် ဖြစ်နေမိသည် ။

စောင့်နေရင်းနှင့်မှ ကောင်မ နှစ်ယောက် တက္ကစီပေါ်မှ ကသုတ်ကရိုက် ဆင်းလာကြသည် ။
သီ ထိုင်နေသည်ကို တွေ့တော့မှ ဆိုင်ထဲကို ဆပ်ပြာသည် လင်ပျောက်သလို ရှပ်ပြာရှပ်ပြာနှင့် ပြေးဝင်လာကြသည် ။

ဝင်လာတော့မှ သူတို့ရုပ်တွေကို ကြည့်ပြီး သီ တစ်ယောက် တော်တော်လေး လန့်ဖျတ်သွားမိသည် ။


" ဟယ် … တရဲ … တရဲမတွေ … ကလူ ကလူ … လုပ်ကြပါဦး … "


" ဟဲ့ … မိသီ … နင်ဆိုတာလည်း … အုပ်ထိန်းပါဦးဟဲ့ … အိ​​နြေ္ဒလေး ဘာလေးလည်း ထိန်းလိုက်ပါဦး …"


သီ လန့်လည်း လန့်ချင်စရာ ဖြစ်သည် ။
ကောင်မတွေက အီမို စတိုင်တွေ လုပ်လာကြသည် ။
ဆံပင်တခြမ်းစောင်းနှင့် ၊ အပေါ်အောက် အမည်းနှင့် ၊ လက်သည်းတွေကိုပါ အမည်းတွေ ဆိုးထားလိုက်သေးသည် ။


" နင်တို့ကိုယ် နင်တို့လည်း ပြန်ကြည့်ပါဦး … ဘာကြီးတွေလည်း … ငါလန့်လို့ သေတော့မယ် …"


" ဟဲ့ … ကောင်မ … နင်ပဲ ပြောတော့ ရုပ်ဖျက်လာဆို … ငါတို့မှာ ခက်ခက်ခဲခဲ ဖျက်လာရတာ …"


မိသန့်က ပြောတော့ မိမြတ်ကလည်း ထောက်ခံသည် ။

 
" ဟုတ်တယ် … ဒါတောင် သည်ကောင်မ မိသန့်ပေါ့ … လက်သည်းအမည်း ပေါ်မှာ လက်သည်းနီနဲ့ လက်သည်းပန်းချီ ဆွဲချင်တယ် လုပ်နေလို့ ငါ မနည်း တားလိုက်ရတယ် …"


" အမလေး … သက်သက်ကြီးပါ မိမြတ်ရယ် … ဟွန်း …"


" ကဲပါ … ကမတွေ … လင်လုနေကြတာ ကျနေတာပဲ …
ငါပြောတဲ့ ရုပ်ဖျက်ဆိုတာက ငါ့လိုမျိုး ကျားကျားယားယား rapper စတိုင်တွေ ဘာတွေ ဖျက်လာခိုင်းတာလေ … နင်တို့တွေ ကို ငါ အခြောက်လို ရုပ်ဖျက်လာပါလို့ ပြောမိလို့လား …"


" ဘာ … ဘာပြောလိုက်တယ် … မိသီ … နင် နောက်တစ်ခါ ပြောလိုက်စမ်းဘာ …"


" အေး … ဟုတ်တယ် … မိသီ … ငါက နင့်ရဲ့ ကျားကျားကို ယားယားဖြစ်ပြီး နင် ယားချင်နေတဲ့ ဇာတ်ထုပ်ထဲမှာ ၀င်က ပေးနေရတာဘာ … ကျေးဇူးမသိတတ်တဲ့ ကမ …"


" အမလေးဟယ် … နင်တို့ကလည်း အချင်းချင်း စတာကို … ပြန်ဝုန်းမယ် ဆိုတာချည်းပဲ …"


ထိုအချိန်တွင်ပင် ဆိုင်ထဲသို့ ပန့်ခ် ကောင်လေး တစ်အုပ် ၀င်လာသည် ။
ငါးယောက်ဖြစ်ပြီး ငါးယောက်လုံးက ချောချော စင်စင်လေးတွေ ဖြစ်နေသည် ။
ကောင်မ နှစ်ယောက်က အီမို စတိုင်တွေ ဆိုတော့ သူတို့ အဖွဲ့က တစ်ချို့က မိသီတို့ ၀ိုင်းကို လှမ်းရှိုးသည် ။


ကောင်မနှစ်ကောင်လည်း ထိုတစ်အုပ်ကို ပြန်ကြည့်ပြီး ပီတိတွေ ဖြာနေလေသည် ။ သီတို့ အုပ်စု နည်းနည်းလေး ပွင့်သွားသည် ထင်သည် ။
ဒါကတော့ မိသန့်က သူ့အိတ်ထဲက ဘီးကုပ်ကို ယူကာ ဆံပင်တွင် တပ်လိုက်သောကြောင့် ဖြစ်သည် ။


သူတို့ အဖွဲ့ထဲက ဆံပင်ရှည်နှင့် တစ်ယောက်က ဘီးကုပ်အမည်းကို ဆံပင် နောက်လှန်ကာ တပ်ထားသည်ကို မိသန့်က အားကျပြီး သူ့ ပန်းရောင် ဘီးကုပ်ကို နွှဲချပြီး တပ်လိုက်သောကြောင့် ဖြစ်သည် ။
အဖွဲ့ထဲက ကောင်လေး တစ်ယောက်က အော်သွားသည် ။


" အာ … အခြောက်ကြီးတွေပါကွာ …"


ဒါကို မိမြတ်က ကြားလိုက်တော့ ယောက်ျားသံကြီးနှင့် သူတို့ ကြားအောင် အော်ပစ်လိုက်သည် ။


" ခြောက်မခြောက် သိချင်ရင် မင်းတို့ညီမတွေ အိမ်ကို လွှတ်လိုက်လေ …"


မိသန့်က မိမြတ်အနားကို ကပ်ပြီး တိုးတိုးလေး မေးလိုက်သည် ။


" ဟဲ့ … ဘာလဲ … နင်က သူတို့ ညီမတွေကို မိတ်ကပ်ပြင်ပေးမလို့လား … "


" ကျေနပ်တယ်ဟဲ့ … ဆံထုံးပါ ထုံးပေးလိုက်မှာ …"
 

" ဟဲ့ ကောင်မ … ရိုက်လိုက်ပါဦး …"


" ဖျက် … ဖျက် … ဘလပ် …"


" အေးလေ … သူ့ညီမတွေ တစ်ကိုယ်လုံး ချွတ်ပြီး တက်ထိုင်ရင်တောင် ငါက မထော်ကောင်ဘူး ဟဲ့ … သိလား …"
 

" အေးလေ … ဘယ် ထော်ကောင် မလဲ … နင်က အစောကြီးထဲက ပန်းသေနေတာကိုး …"


" သေ မသေ သိချင်ရင် နင်လာစမ်းကြည့်လေ …"


ချစ်ကြည်ရေး ညီအစ်မ နှစ်ယောက် အခုပဲ လက်ဝါးချင်း ရိုက်နေကြသေးသည် ။ အခုပဲ ချက်ချင်းကြီး ထပြီး ရန်ဖြစ်နေကြသည် ။ သူတို့နှစ်ယောက်ကို ကြည့်ပြီး သီတစ်ယောက် စိတ်ညစ်သွားသည် ။
သူတို့ ရန်ဖြစ်နေတာနဲ့ပဲ သည်နေ့ စုံစမ်းဖို့ လာတဲ့ ကိစ်စက ပြီးဦးတော့မှာပါပဲ … ။


       **********************************


နေမင်းထိုက်တစ်ယောက် ဦးမြတ်သူရ အရှေ့တွင် မျက်နှာလေး ငယ်ပြီး ထိုင်နေရရှာသည် ။
အလုပ်ရှင်က ခေါ်သည်ဆိုသောကြောင့်သာ ရုံးခန်းထဲ ရောက်လာရသည် ။ ဘာကြောင့် ခေါ်မှန်း မသိရ ။


ဦးမြတ်သူရက စကားမပြောဘဲ သူ့အရှေ့တွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေလေသည် ။
ဒါကို ကြည့်ပြီး နေမင်းထိုက် ခေါင်းတွေ မူးလာသည် ။ ဦးမြတ်သူရကို မကြည့်တောဘဲ အပြင်က သစ်ရွက်လေး ကြွေကျသည်ကို ကြည့်နေမိသည် ။
သစ်ရွက်လေးက လေကြောင့် လိမ့်ပြီး ကြွေကျလာသည် ။
ဒါကို နေမင်းထိုက်က လိုက်မှတ်နေမိသည် ။


" မှောက်ခုံ … အတည့် … မှောက်ခုံ … အတည့် …"


" ဒါနဲ့ မင်း သည်ကိစ္စကို ဘယ်လို ခံစားရလဲ နေမင်းထိုက် …"


" မှောက်ခုံကြီး ခံစားရပါတယ် … အဲလေ … ဟုတ်ပါဘူး … ဦး … တစ်ခေါက် ပြန်ပြောပေးပါလားဟင် … သား သေသေချာချာ မကြားရလို့ …"


" အမလေး … သူ့ကိုယ်သူများ သားတဲ့ … ငါ သည်မှာ ရှင်းရှင်းပဲ ပြောမယ် …"


ရှင်းရှင်း သည်နေ့ ခွင့်ယူထားတယ်ဆိုပြီးတော့လည်း ဟာသကားတွေ ထဲကလို နေမင်းထိုက် လိုက်မပြောဖြစ် ။ ဟိုဟာက ဟာသကားလေ ။ ကိုယ်က တကယ် သွားလုပ်လိုက်ရင် အလုပ်ဖြုတ်ခံရမှာပေါ့ ။


" ဟုတ်ကဲ့ပါ … ဦး …"


" သည်မှာ … သည်မှာ … ငါ့ကို ဦးလို့ ခေါ်တာကို ငါ စိတ်အဆိုးဆုံးပဲ … သည်နေ့က စပြီး ငါ့ကို အစ်ကိုကြီးလို့ ပြောင်းခေါ်ရမယ် … ကြားလား …"


" ဟုတ်ကဲ့ … ဦး … အဲ … အစ်ကိုကြီး … ပြောပါခင်ဗျ … စကားက သည်နားမှာ လည်နေသလိုပဲ …"


" အေး … ဟုတ်တယ် … မင်း အခု ငါ့သားနဲ့ ကြိုက်နေတယ်လို့ ကြားတယ် … အဲ့ဒါ အမှန်ပဲလား …"


" ဟာ … အစ်ကိုကြီးကလည်း … ကောလဟာသတွေပါ … တကယ်ကြိုက်စရာလားလို့ …"


" သေချာတယ်နော် … ငါ့ကို မလိမ်နဲ့နော် … ဒါဆို သည်ကောလဟာလကို ဘယ်သူ ဖြန့်တာလဲ …"


" ကျွန်တော် … အဲလေ … ကျွန်တော် ဖြန့်တာ မဟုတ်ပါဘူးလို့ … အစ်ကိုကြီး … ဒါနဲ့ ကျွန်တော် မေးပါဦးမယ် … အစ်ကိုကြီး ဘေးက လက်ဆွဲအိတ်ထဲမှာ ဘာတွေလဲဟင် … ပိုက်ဆံတွေလား …"


" ဘာပဲဖြစ်ဖြစ် မင်းက ဘာလုပ်မလို့လဲ …"


" သြော် … ရုပ်ရှင်တွေထဲကလို … ငါ့သားနဲ့ မပတ်သက်ပါနဲ့ … ရော့သည်မှာ သိန်းတစ်ရာဆိုပြီးတော့များ ပေးမလို့လားလို့ … ဟီးဟီး …"


" ပေးစရာလား … ဒါ ပေါင်မုန့်ဖုတ်စားမလို့ … ဂျုံအိတ်ကြီး … ဒါနဲ့ တစ်လက်စတည်း မင်းကိုလည်း သတိပေးလိုက်မယ် … ငါ့သားနဲ့ ကြိုက်လို့ကတော့ မင်း အလုပ်ကနေ အော်တို ပြုတ်ပြီသာမှတ် … ကြားလား …"


" ဟုတ် … ဟုတ်ကဲ့ပါ ဆရာ … ကြားပါတယ် …"


အခန်းထဲက ထွက်လာတော့မှ နေမင်းထိုက် ဦးမြတ်သူရကို ကျိန်ဆဲပေးလိုက်သည် ။ ဟွန်း … ။ ရုပ်ရှင်တွေထဲက ခင်အေးဟန်ကြီး ကျနေတာပဲ …
ငါ့သားနဲ့ နင်နဲ့ တူလို့လား … တန်လို့လားလို့ မပြောရုံတမယ်ပဲ … ။
ငါကတော့ ဆင်းရဲတဲ့ ဇာတ်ရုပ်လေးပေါ့ … အိမ်ဖေါ်မလေး ကျင်ကျင်ပေါ့ကွယ် … ။ ကွိကွိ … ။ တွေးရင်းနှင့် နေမင်းထိုက် ကျေနပ်သွားလေသည် ။



" ဟွန်း … အရမ်းမုန်းတယ် … ကိုကို့အဖေကို အရမ်းမုန်းတယ် …"


နေမင်းထိုက် အိုဗာတင်းတွေ ဖျော်ပြနေသောကြောင့် မင်းမြတ်က ပြာပြာသလဲ လိုက်ချော့နေရသည် ။


" ဟာ … မငိုနဲ့လေ … အလှတွေ ပျက်ကုန်မယ် …"


တကယ်တော့ နေမင်းထိုက် ငိုချင်သောကြောင့် မဟုတ် ။ ဟန်ဆောင်ပြီး အကယ်ဒမီတွေ ယူနေခြင်း ဖြစ်လေသည် ။ ကိုကိုမင်းမြတ်ကတော့ နေမင်းထိုက်ကို စိတ်ပူသောကြောင့် တစ်နေ့လုံး လိုက်ချော့နေရသည် ။


" ကိုကိုရယ် … ညီ့ကို မိတ်လိုက်ပါ … အဲလေ … မေ့လိုက်ပါတော့နော် … ညီတို့ နှစ်ယောက်ရဲ့ ဘ၀ဟာ … မြေကြီးနဲ့ မိုးသား … ဘ၀တို့ ခြားနားကြ …"


" စိတ်ကူးထားသမျှ … နင်မေ့ပစ်လိုက်ပါ … အဲလေ … ငါလည်း ယောင်ကုန်ပါပြီ …"


ပြောပြီး မင်းမြတ်လည်း စိတ်ကောက်ရာတွင် စိတ်ရှည်လက်ရှည်ကောက်တတ်သော ကောင်လေး အနောက်ကို လိုက်ပြီး ချော့ရပြန်လေသည် ။
ချော့ပြန်လျှင်လည်း မူ ဦးမည် ။
ဒါကို ကြည့်မရလို့ မချော့ဘဲ ထားကြည့်ပါက မိုးမီးပင် လောင်သွားနိုင်သည် ။
မင်းမြတ်ရေ … ချစ်သူ ထားချင်တော့လည်း ခံပေါ့ကွာ ။ ကိုယ့်ဘာသာကိုယ်သာ တိုးတိုးလေး ပြောနေမိတော့သည် ။


" ကိုကို … ညီ့ကို ကတိတစ်ခု ပေးရမယ် …"


" ဘာကတိလဲ … ပြောလေ …"


" ကိုကို့ဖေဖေနဲ့ မေမေက သဘောမတူရင်လည်း ညီ့ကို ဆက်ချစ်ပါ့မယ်လို့ …"


" အေးပါကွာ … ပေးပါတယ် … ပေးပါတယ် …"


မင်းမြတ် တစ်ယောက် နေမင်းထိုက်ကို ကတိတွေ အထပ်ထပ် ပေးရင်းမှ လက်သန်းချင်း ချိတ်လိုက်မိသည် ။ လက်သန်းချင်း ချိတ်ချိန်တွင် ဘေးနာက ဖြတ်သွားသော အဆင်လေး တစ်ယောက်ကို ကြည့်ပြီး ငမ်းလိုက်မိသည် ။
ဒါကို မြင်သွားသော နေမင်းထိုက်က မင်းမြတ် လက်သန်းကို တအားညှစ်လိုက်သောကြောင့် မင်းမြတ်တစ်ယောက် နာကျင်သော ဒဏ်ကို ကျိတ်မှိတ်ခံပြီး ချစ်သူကို ပြုံးပြလိုက်ရလေသည် ။
သြော် … ငမ်းချင်ဦးဟဲ့ … မင်းမြတ် ။


                        ***********

ဆက်​ရန်​ရှိ​သေးသည်​။
Written by Dr.Min Khant (မင်းခန့်​နိုင်​)

#BurmaLGBT

ဟာသ အိမ်​က​လေး ...Where stories live. Discover now