အပိုင်း-၁၇

4.6K 511 47
                                    


တစ်လကျော်ပြီးနောက်……

တစ်လဟူသော အချိန်ကာလ၌
ဂျိုဆွန်းပြည်၌မူ အိမ်ရှေ့စံထယ်ဂျင်၏ လက်ထပ်ပွဲကြောင့် အလုပ်ရှုပ်နေကြသလောက်……

ဟန်အင်ပါယာ၌ကား ဆားပြဿနာအား သခင်ပိုင်၏ဖြေရှင်းပေးမှုကြောင့် အဆင်ပြေသွားခဲ့ကြသော ပြည်သူများ……
နန်းတွင်းမှ ထိုပြဿနာမျိုးစုံတို့ဖြင့် အရှင်မင်းမြတ် လျဲ့ယမ်ကိုနန်းချရန်ပြင်ဆင်မှုများက အရေးနိမ့်သွားခဲ့ကြ၏။

မကျေနပ်သူတို့က မကျေနပ်သလောက် ဆယ်ဟွန်းသည်လည်း မိမိအစွမ်းအစအရ အရှင်မင်းမြတ်အတွက် အမတ်မင်းတို့ကို အရှင့်လူဖြစ်စေရန် ပရိယာယ်သုံးလုပ်ဆောင်နိုင်ခဲ့သည့် တစ်လအတွင်းအချိန်ကာလ……

ထိုကြီးမားသောပြောင်းလဲမှုကို လုပ်ဆောင်ခဲ့သော ဆယ်ဟွန်းသည် အရှင့်ဘွားတော်ဖုရား၏ မျက်လုံးထဲသို့ တဖြည်းဖြည်း သတိထားဝင်ရောက်လာခဲ့တော့၏။

*********

"သူလာတော့မှာပဲ "
ဇာမဏီအိမ်တော် အဆောင်ပြတင်းမှ
မှိုင်းညို့ညို့ကောင်းကင်ကိုကြည့်ရှုရင်း တီးတိုးဆိုသည့် ဘတ်ခ်ဟွန်း သို့တည်းမဟုတ့် ပိုင်သခင်၏စကား~

သက်ပြင်းအခါခါချမှုသည် သူ၏စိတ်မအေးနိုင်မှုကို ပြသနေသည့်အလား~~
ကောင်းကင်ကိုမော့ငေးသည့် မျက်ဝန်းကျဉ်းကျဉ်းတို့သည်လည်း တိမ်မြူတို့အတိဖုံးသည်။
ထူးခြားသည့်ဝိသေသရှိသော ဖြူဖျော့သည့် ကနုတ်တံလက်တစ်သွယ်သည်လည်း ကျွန်းသားပြတင်းဘောင်ကိုသာ တုန်ယင်ယင်ကုတ်ဆွဲထားမိခဲ့ပါ၏။

"သခင်~  မြို့စားမင်းက- - - "

"ငါရှိတယ်လို့ပြောလိုက်ပါ ပြီးရင် မင်းထွက်သွားတော့ "

"ဟုတ်ကဲ့ "

နှစ်များစွာခစားလာသော အရှင်သခင်၏ မျက်နှာပျက်ခြင်းကို ခံစားမိသည့် ရှင်းရန်တစ်ယောက် အလိုက်တသိထွက်ခွာသွားပေးရုံမှလွဲမတတ်နိုင်။  မြို့စားမင်းကမူ ရှင်းရန်ကိုတောင် တွန်းတိုက်ရင်း ဒေါသတကြီးဖြင့် သခင့်အဆောင်ထံဝင်သွားလေသည်မို့ ရှင်းရန်စိတ်ပူမိရသည်။ သခင်က မြို့စားမင်းမည်သို့ပြုပြု ငြင်းပယ်တတ်သည့် လူစားမဟုတ်လေသည်ကြောင့်……

နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]Where stories live. Discover now