အပိုင်း-၈

6.2K 556 26
                                    

ဂျိုဆွန်း၊ ဟန်ယန်းမြို့တော်>

"မယ်မယ်~ ဆူဘင်မယ်မယ် မင်းကြီးက အခုလျှောက်တင်စာတွေဖတ်နေတဲ့ အချိန်ပါ ဝင်လို့မရပါဘူး "

အထိန်းတော်ဟန်၏စကားသည် ဟယ်ယွန်းမယ်မယ်၏နားထဲသို့အဆုံးထိမဝင်......
မင်းကြီးရှိရာအဆောင်တော်တွင်းကိုသာ ဇွတ်တရွတ်ဝင်လာခဲ့သည်။ အဆောင်တော်တွင်း၌မူ ထင်ထားသည့်အတိုင်း
သူမ၏ချစ်ခင်ပွန်း ရေမြေ့သခင်သည်ကား ထုံးစံအတိုင်း နန်းရေးရာတို့နှင့်ပင် အလုပ်ရှုပ်ဆဲပါပေ။

"မင်းကြီး "

"ဝင်မလာပါနဲ့ဦးလို့ အထိန်းတော်ဟန်မတားဘူးလား?"

".ဟင့်အင်း သူတားပါတယ် ဒါပေမယ့် ရင်ကိုမီးလောင်ကျွမ်းနေတဲ့ မိခင်တစ်ယောက်က ဒါမျိုးတားမြစ်တာတွေလည်း ဂရုမစိုက်နိုင်တော့ပါဘူး "

"ဟယ်ယွန်း~ အဆောင်ကိုပြန်တော့ ကိုယ်တော် တိုင်းပြည်ရေးတွေနဲ့အလုပ်ရှုပ်နေတယ်လေ"

"တိုင်းပြည်ရေး တစ်ခုခုဆိုရင် တိုင်းပြည်ရေးနဲ့~~မင်းကြီးစိတ်ထဲမှာ သွေးသားဆိုတာရောရှိသေးပါရဲ့လား ဟွန်းလေး~ အခု ဟွန်းလေးက ဆိုယွန်းလေးကိုယ်စား ဒုက္ခတွေခံစားနေရတာကို တိုင်းပြည်ရေးဆိုတာအကြောင်းပြပြီး ကျွန်မဒီလိုပဲငြိမ်နေသင့်ပါသလား?"

ဒေါသ၊ဝမ်းနည်းခြင်းတို့ဖြင့် ဟယ်ယွန်းမယ်မယ်၏ကိုယ်သည် တဆတ်ဆတ်တုန်ယင်လျက်ရှိပြီး မျက်ဝန်းမှမျက်ရည်တို့ကလည်း အဆီးအတားမရှိ ကျဆင်း၍နေ၏။
ဝမ်ဂျွန်းမင်းကြီးမှာမူ ညီလာခံစာတို့ဖတ်ရှုနေရာမှ ရပ်တန့်သွားခဲ့ပြီး
ဟယ်ယွန်းမယ်မယ်ရှိရာဆီသို့ တူရူကြည့်လာသည်။
ဟယ်ယွန်းမယ်မယ်ကမူ သားဇောဖြင့် ဆို့နင့်လာသည့်စိတ်ကြောင့် ရင်ဘတ်ကိုအသာဖိ၍ထားရရှာ၏။

"ကိုယ်တော် ဘာလုပ်တာကို မင်းမျှော်လင့်နေတာလဲ ဟယ်ယွန်း စစ်တိုက်ရမှာလား? ဟွန်းလေးကိုပြန်ရဖို့အတွက်လေ ဒီတိုင်းပြည်က ဟွန်းလေးက ကိုယ်တော်တို့သွေးသားဆိုတာတောင် သိလို့လား ပညာရေးဝန်ကြီးရဲ့သားလို့ပဲသိကြတာ မိဖုရားကြီးသိသွားခဲ့ရင်ရော ဟွန်းလေးဒီမှာဘေးကင်းမယ်ထင်လား သူ့သားအတွက်နဲ့ ဟွန်းလေးအသတ်ခံရမှာပဲ ဟယ်ယွန်း"

နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]Tempat cerita menjadi hidup. Temukan sekarang