နေနှစ်စင်း၏ ဘဝအစ……
"သခင်ကြီး သားလေးမှာ အပြစ်မရှိပါဘူး ကျွန်မ ကျွန်မသွားခိုင်းလိုက်တာပါ "
"မဟုတ်တာတွေ လျှောက်မလုပ်ပါနဲ့လို့ပြောတာ တစ်ခါမှနားမထောင်ဘူး မင်းဒုက္ခဖြစ်မှာစိုးလို့ပြောနေရတာ "
"အမျိုးနိမ့်တွေနဲ့ပေါင်းလို့ သားကအပြစ်ရှိတယ်လို့ပြောချင်တာလား? အမျိုးနိမ့်ကမွေးလာတာနဲ့ပဲ သူတို့က လူကုံထံသားနဲ့ပေါင်းသင်းလို့မရတော့ဘူးလား? အဖေက ပညာရှိအရာရှိဖြစ်ပြီး အတွေးတွေမှားနေပါတယ် "
"သခင်ကြီး!! မလုပ်ပါနဲ့ ဆယ်ဟွန်းလေး သားသွားတော့!"
ပညာရေးအမတ် "အိုဒယ်ယောင်း"၏ သားဖြစ်သူကို ရိုက်ရန် ရွယ်လက်စလက်တွေက ဇနီးဖြစ်သူ၏ မျက်ရိပ်ပြမှုတွင် ရပ်တန့်သွားရသည်။
သားဖြစ်သူ ဆယ်ဟွန်းကမူ စိတ်ထိခိုက်သွားဟန်တူသည်။ အခန်းထဲသို့သာ ပြေးဝင်၍သွား၏။
ဇနီးဖြစ်သူကမူ စိတ်ထိန်းရန် တဖွဖွတားမြစ်၍နေ၏။
ဟုတ်ပေသည်ပဲ။ ဤကလေးက သူတို့စိတ်တိုင်းကျပြုလုပ်နိုင်သော သွေးသားအရင်းအချာမှမဟုတ်ပေသည်ပဲ။ကြီးမြတ်လှသော ဂျိုဆွန်း၏ မင်းမျိုးနွယ်ပင်မဟုတ်ပါလား?
အမှတ်တကယ်၌မူ ဆင်းရဲချမ်းသာ ရင်ဝယ်ပိုက်ရန် စိတ်ထားရှိသော သားဖြစ်သူအတွက် သူဂုဏ်ယူမိပါသည်။
သို့သော် ဤသို့စိတ်ထား ဤသို့ထူးခြားမှုကြောင့် အမြင့်မျိုးတို့အား ဂရုထားစောင့်ကြည့်နေသော ယူဆွန်းမယ်မယ်၏ မျက်လုံး၌ သွားချိတ်မိမည်ကို ကြောက်ရပေသည်။
ထို့ကြောင့်သာ တားမြစ်ရခြင်း……ဆယ်ဟွန်းလေး၏ အတွေးအမြင်တို့က ငယ်စဉ်ကတည်းကထူးခြားသည်။
ဒုက္ခရောက်သူမြင်လျင် မျက်နှာမလွှဲနိုင်သည့် စိတ်ထားကောင်းအား ပိုင်ဆိုင်သည့်အပြင် သူတို့ငယ်စဉ် ကျောင်းတက်စဉ်က ကျက်မှတ်ခဲ့ရသော "ကွန်ဖြူးရှပ်၏အတွေးအမြင်များ"စာအုပ်နှင့် "ဂျောင်းဂွန်းယောင်း၏ လမ်းကလေး"ဟူသောစာအုပ်များကို တစ်နေ့တည်းနှင့်ပင် ကျက်မှတ်နိုင်သည်အထိ ဥာဏ်ထက်မြက်သည်။သူဦးစီးကြီးကြပ်ရသော ဆောင်ကျန်ကွမ်၏ အတော်ဆုံးထိပ်တန်းကျောင်းသားလည်းဖြစ်၏။
CZYTASZ
နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]
Fanfictionနန်းလုပွဲ၊သွေးချောင်းစီးမှုတွေကြားက ကြီးမြတ်တဲ့ဘုရင်နှစ်ပါးရဲ့ မလှပခဲ့တဲ့ မေတ္တာတရား~~~ English Title : "Two Suns make one love" ChanHun_Dreamland Written by ReliChal_618