"ဆယ်ဟွန်း ဘာလုပ်နေတာလဲ?""ဘာမှမလုပ်ပါဘူး အရှင် နန်းတွင်းထဲပြန်မယ်မဟုတ်ပါလား မြန်မြန်ပြန်ရအောင် ပြင်ဆင်ထားလိုက်ပါ့မယ်"
နန်းတွင်းပြန်မလာခင်၌ အရှင်မင်းမြတ်မသိခင် တည်းခိုဆောင်ပြတင်းသို့ ဝူကျိမှပစ်ပေးသည့် လျှို့ဝှက်စာကို ဆယ်ဟွန်းအင်္ကျိထဲအသာဝှက်ထားလိုက်သည်။
အရှင်ကမူ သူ့အပြုအမူတို့အားရိပ်မိဟန်မတူပါချေ။
ရေနွေးကြမ်းခွက်ကိုသာ တစိမ့်စိမ့်သောက်၍နေ၏။
သူသက်ပြင်းမြှင်းမြှင်းချမိရသည်။ သို့သော် သူမ ကိုယ်ရံတော်တစ်ဖြစ်လဲ တော်ဝင်မင်းသားရီရှင်းသည် သူပြုသမျှအလုံးစုံကို မျက်မြင်တွေ့လိုက်သည်အား မတွေ့လိုက်…
သူသည်လည်းမိမိ၏တာဝန်ဝတ္တရားကိုသာ အာရုံစိုက်နေမိ၍ တံခါးဝမှ ကိုယ်ရံတော်ရီရှင်းအား သတိမပြုမိလိုက်ပေ။
"နန်းတွင်းထဲ ပြန်ဝင်ရမှာ နှမြောဖို့ကောင်းသား"
နန်းတော်တံခါးဝရှေ့မှ အရှင်မင်းမြတ်၏ မချိတင်ကဲရေရွတ်သံ~~
အနီရောင်ခြယ်ကာ ဘုံနန်းအသွင်ဆောင်သည့် ဟန်နန်းတော်မုဒ်တံခါးဝကိုငေးကြည့်နေသော အရှင့်မျက်ဝန်းတို့က မှိုင်းညှို့၍နေသည်။နှမြောတသဟန်အပြည့်နှင့်သာ မျက်ဝန်းညိုတို့အား နံဘေးမှငဲ့စောင်းကြည့်ရင်း အားပေးမှုပေးသည့်အနေဖြင့် လက်ဖျားတို့ကိုအသာဆုပ်ကိုင်မိသည်။
သူ၏လက်တို့အား ပြန်လည်ဆုပ်ကိုင်လာသည့် လက်ဖဝါးကြီးကြီးကိုခံစားမိရင်း သက်ပြင်းတစ်ခုက လေထုသို့တွဲခိုလျက်ပါသွား၏။
သူနှင့်အရှင်မင်းမြတ်သည် ပြဒါးတစ်လမ်းသံတစ်လမ်းနှယ် ကွာလိုက်ပါဘိ။
သူနန်းတော်မည်သည့် အချုပ်အနှောင်ကိုမမြတ်နိုးပါ။ သို့သော် ချစ်ရသည့် မိသားစုနေထိုင်ရာဖြစ်သည်အတွက် ဂျိုဆွန်းနန်းတော်ကို မကြာခဏဝင်ရောက်ချင်သည့်စိတ်ကရှိခဲ့သည်။
အရှင်မင်းမြတ်သည်ကား ထိုသို့ဟုတ်ပုံမပေါ်……
နန်းတော်ကို ကြောက်ရွံ့နေဟန်ပါပေ။
STAI LEGGENDO
နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]
Fanfictionနန်းလုပွဲ၊သွေးချောင်းစီးမှုတွေကြားက ကြီးမြတ်တဲ့ဘုရင်နှစ်ပါးရဲ့ မလှပခဲ့တဲ့ မေတ္တာတရား~~~ English Title : "Two Suns make one love" ChanHun_Dreamland Written by ReliChal_618