နေနှစ်စင်း၏ ချစ်ခြင်း……
"ကျွန်တော် အမှန်ုတိုင်းပြောရရင် ဒီကို မလာချင်ဘူး။ ဦးရီးတော်… အဲ့ဂျိုဆွန်းက ကျွန်တော်တို့ထပ်သေးငယ်တာကို သူတို့ကို ကြည်ဖြူပြနေစရာမှမလိုတာ "
"ဂျိုဆွန်းက အင်ပါယာထက်သေးငယ်ပေမယ့် အစွမ်းထက်တဲ့ တိုင်းပြည်ပါ။ အဲ့ဒီလိုမပြောသင့်ပါဘူး။ "
"အဲ့ဒီက ဘုရင်က ကျွန်တော်တို့ကို လျစ်လျူရှုတာလား? အခုထိ မြို့တော်ထဲကို ရောက်လာတာတောင် အခမ်းအနားနဲ့ ဘာနဲ့ကြိုဆိုမယ်မရှိဘူး! "
ုမြင်းဖြူကို စီးနင်းရင်း အိမ်ရှေ့စံက ဆူပုတ်ပုတ်မျက်နှာပေးနှင့် ပြောနေသမျှ ဘေးချင်းယှဉ်လျက်အနေအထား မြင်းညိုကြီးပေါ်မှ လိုက်ပါလာသည့် ရီရှင်းပြုံးနေမိသည်။ အကိုတော်၏အမိန့်အရ မင်းသားငယ်အား လိုက်ပါစောင့်ရှောက်ခြင်း၌ အိမ်ရှေ့စံ၏ ဤမြေကိုမနှစ်သက်သော အပြုအမူတို့အား ကြည့်ရှု၍ ရီရှင်းအနည်းငယ်တော့ စိတ်မအေးဖြစ်မိ၏။ အိမ်ရှေ့စံမင်းသားငယ် လိုချင်သည်ကို သူသိသည်။ မြို့တော်တံခါးဝ၌ပင် ဂျိုဆွန်းဘုရင်က တခမ်းတနား အပြေးအလွှားလာကြိုသည်အား မြင်ချင်ခြင်း………။
ဤသည်က မာနထောင်လွှားတတ်သည့် မိထွေးတော်နှစ်ပါးထံမှ အမွေရထားသည့် စိတ်ဓာတ်ကလေးပင်ဖြစ်သည်ကြောင့် ရီရှင်းအနည်းငယ်တော့ ရင်လေးရသည်။
ဖခင်က ဂျိုဆွန်းအား ချစ်ခင်သမျှ သားတော်ကမူ ဂျိုဆွန်းအား နှိမ်ချရန် စဉ်းစားနေသည်ရယ်လေ။ ဂျိုဆွန်းဘုရင်နှင့်
သားအဖအရင်းဟုသာ သိလျင်မည်သို့နေမည်နည်းဟု တွေးကာ ရီရှင်း မချိပြုံးသာ ပြုံးမိပါ၏။"ဟန်ယန်းရဲ့ အလှကိုသာ ခံစားကြည့်ရှုပါ။ အိမ်ရှေ့စံ မျက်နှာထားကို တည်ကြည်ကြည်ထားမှ တိုင်းတစ်ပါးသားတွေက လေးစားမှာပေါ့"
"မသိဘူး။ အဲ့ဘုရင်ကို ကျွန်တော်မကျေနပ်ဘူး။ ဟိုရောက်လို့ကတော့ ခမည်းတော်နဲ့ကို ပြန်ပြောမယ် အဲ့ဘုရင်ကို အပြစ်ပေးဖို့! "
မျက်မှောင်ကြုံ့ကာဆိုသော အိမ်ရှေ့စံငယ်လေး၏စကားကြောင့် ရီရှင်း ဟန်မဆောင်နိင်စွာ
ဟက်ဟက်ပက်ပက် ရယ်မောမိ၏။ ထိုဂျိုဆွန်းဘုရင်အား အပြစ်ပေးဖို့မဆိုထားနှင့် စိတ်ဖြင့်ပင်မထိရက်သော အိမ်ရှေ့စံ၏ ဖခမည်းတော်မှ ထိုဘုရင်မင်းမြတ်အပေါ်
မည်မျှ မြတ်နိုးမှန်းသိပါမူ အိမ်ရှေ့စံမည်သို့ တုံ့ပြန်ပါမည်နည်းဟုပင် ရီရှင်းတွေးမိလိုက်သေး၏။ ထိုဘုရင်ဟုဆိုနေသမျှ ဘုရင်မင်းမြတ်သည် သူ၏ဖခင်အရင်းမှန်း အိမ်ရှေ့စံ သိခဲ့ပါမူ………။
STAI LEGGENDO
နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]
Fanfictionနန်းလုပွဲ၊သွေးချောင်းစီးမှုတွေကြားက ကြီးမြတ်တဲ့ဘုရင်နှစ်ပါးရဲ့ မလှပခဲ့တဲ့ မေတ္တာတရား~~~ English Title : "Two Suns make one love" ChanHun_Dreamland Written by ReliChal_618