"ဘယ်လိုလဲ ကျွန်တော့်ရဲ့ အပေးအယူလေး ဆက်ပြောပြရမလား?""- - - - - - -"
"အဲ့လောက်ထိလန့်ဖို့မလိုပါဘူး မြို့စားမင်းရဲ့ မြို့စားမင်းက အသိမှားနေတာဖြစ်မှာ ငှက်တွေက ပျံသန်းဖို့သင်ဆရာလိုပေမယ့် နဂါး(ဘုရင်မင်းမြတ်)ကတော့ ဆရာမလိုပဲ ကောင်းကင်ကိုပျံတက်သွားမှာပါ ကျွန်တော်မလုပ်ဆောင်ပဲလည်း အရှင်ကိုယ်တိုင်က တစ်နေ့ မြို့စားမင်းကိုအခက်တွေ့စေလိမ့်မယ် အင်း~~~နဂါးကို လှောင်အိမ်ထဲ ဘယ်လောက်ကြာကြာထည့်ထားနိုင်မှာလဲ စိတ်ဝင်စားဖို့ကောင်းသား"
လက်ဖက်ရည်ကြမ်းသောက်ရင်း ခပ်အေးအေးလေသံနှင့်ပြောနေသည့်လူသားကိုကြည့်ကာ ရိဖန်းလက်သီးတင်းတင်းဆုပ်ထားမိသည်။
မျက်ဆံတို့သည်လည်း ဒေါသကြောင့်မတည်မငြိမ် နီရဲ၍နေသည်။
တစ်ဖက်မှမြို့စားရိဖန်းက ဒေါသထိန်းနေရသလောက် အေးဆေးစွာနေနိုင်သည်က ဆယ်ဟွန်းပါပေ။နဂိုကအကြောက်တရားကင်းသူမို့ ရိဖန်း၏တင်းတင်းဆုပ်သည့်လက်ကိုမြင်သည်ကိုပင် သူမလန့်ဖြစ်.........
ဘုရင်ကိုပင် ကြိုးဆွဲနိုင်သည့်လူ၏ တုန်လှုပ်မှုကို ခံစားမိရင်း
မဆိုစလောက်သာ ယဲ့ယဲ့လေးပြုံးမိသည်။
ကစားပွဲမစခင်ကတည်းက ပြိုလဲနေပြီဖြစ်သည့် ကျားကွက်ကစားနည်းနှယ် မြို့စားမင်းရိဖန်းသည် စိတ်ဝင်စားရန်သိပ်မကောင်းဟု ဆယ်ဟွန်းသတ်မှတ်မိသည်။ဂန္ဓမာလက်ဖက်ရည်ကိုသာ နှစ်ခြိုက်စွာသောက်သုံးရင်း တစ်ဖက်မှစကားသံပြန်လာမည်ကိုသာ သူစိတ်အေးလက်အေးစောင့်နေလိုက်၏။
ဤနေ့၏ကစားပွဲတွင် ကြိုတင်ပြင်ဆင်မှုရှိသည့်သူသာ နိုင်မည်ဆိုခြင်းက အသေအချာပါပေ။
"ကောင်းပြီ မင်းပြောမယ့် အပေးအယူဆိုတာ အဲ့ဒါ ဘာလဲ "
"မြို့စားမင်းတို့ဟန်တွေ အခုအလုပ်အရမ်းရှုပ်နေကြတယ်နော် လူသေအလောင်းစုတာလား ဘာဆိုလားပဲ ပြီးတော့ ဘဏ္ဍာရေးဝန်ကြီး ကျန်းကျောက်ရွှယ်နဲ့ မင်းပိုင်ဘဏ္ဍာတွေကို မယ်တော်ကြီးဆီပို့နေတာ- - -
စိတ်ဝင်စားဖို့ကောင်းသားပဲ ပုန်ကန်မှုရဲ့အငွေ့အသက်တွေလိုရနေတာ"
STAI LEGGENDO
နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]
Fanfictionနန်းလုပွဲ၊သွေးချောင်းစီးမှုတွေကြားက ကြီးမြတ်တဲ့ဘုရင်နှစ်ပါးရဲ့ မလှပခဲ့တဲ့ မေတ္တာတရား~~~ English Title : "Two Suns make one love" ChanHun_Dreamland Written by ReliChal_618