အပိုင်း-၂၄

3.2K 388 29
                                    


အင်ပါယာ၏စစ်ပွဲ~~

ပတ်ဝန်းကျင်တစ်ခွင်
မိုးမရွာ။ တိမ်မထူပါပဲနှင့် လေပြင်းများသာ တိုက်ခတ်နေသည်ကြောင့် အသံများက ဆူညံလျက်……။
ပြတင်းတံခါးတို့သည်လည်း ပိတ်မနိုင်လောက်အောင်  ဝုန်းဒိုင်းကြဲမြည်ဟည်း၍နေသည်။

ထူးခြားလှသည့် ဆူပူမှုများကို ဂရုမထားနိုင်ပဲ ဆယ်ဟွန်းရောက်ရှိနေသည်က ဗုဒ္ဓဘုရားကျောင်းဆီသို့သာ……။
ဘုရားရှင် ရှေ့မှောက်၌ လက်နှစ်ဖက် မီးပွင့်မတတ်  အရှင်ဘေးအန္တရာယ် ကင်းစေကြောင်း ဆုတောင်းရေရွတ်နေမိသည့်အခိုက် ထွန်းညှိထားသော ဖယောင်းဆီမီးတို့သည်လည်း လေယူရာတိမ်းညွှတ်၍ ငြိမ်းမတတ် ယိမ်းနွဲ့၍နေ၏။

ဖြစ်နိုင်လျင် ဓါးဆွဲကိုင်၍ပင် အရှင့်အတွက် တိုက်ခိုက်ပေးချင်မိသော်လည်း  သားငယ်ကို ဘေးအန္တရာယ်တို့အကြား ထားရစ်ခဲ့ရန်မှာလည်း မဖြစ်နိုင်……။
ထို့ကြောင့်သာ ယောကျာ်းသားတန်မဲ့ စစ်ထွက်ခင်ပွန်း ချစ်ရသူအဖို့ ဆုတောင်းခြင်းဖြင့်သာ အချိန်ကုန်ဆုံးနေခဲ့မိ၏။
ယနေ့ည တိုက်ခိုက်မည်ထင်သည်ဟု သတင်းကြားပြီးတည်းမှစ ဘုရားရှင်ရှေ့၌သာ အပူကပ်ဆုတောင်းနေခဲ့မိသည့် ဆယ်ဟွန်း……။
ဘေးတွေ့မှ ဘုရားသတိရသည်ပဲဆိုဆို
ဆုတောင်းပေးနေမိသည်က မနက်အာရုဏ်တက်ချိန်မှသည် ညသန်းခေါင်နားရောက်သည်အထိ …
မည်သည်မှ မစားမသောက်ပဲ ဘုရားဝတ်ပြုနေခြင်း……။
ယန်ရှန့်ကုံးက ဆူဆူပူပူပြောချင်နေသေးသော်လည်း ဘုရားဝတ်ပြုနေသည်ဆိုခြင်းကြောင့် မည်သို့မျှ မပြောနိုင်ပဲ သက်ပြင်းတချချနှင့်……။

"အရှင်ဘုရား တပည့်တော်ရဲ့ ကောင်းမှုတစ်စုံတစ်ရာကြောင့်  အရှင်မင်းမြတ် ဘေးမသီရန်မခ အသက်ရာကျော်နေရပါစေလို၏။ "

"…………"

"တပည့်တော်ရဲ့ ဆုတောင်းကို  ဖြည့်ဆည်းပေးတော်မူပါ ဘုရား~ "

မျက်ဝန်းတို့ တင်းတင်းပိတ်ကာ လက်အုပ်ချီ ကန်တော့သည့် အကြိမ်တစ်ထောင် ဝတ်ပြုခြင်း အဆုံးမသတ်မီ  ကြားလိုက်ရသည့် ဘုံကျောင်းပေါ်တက်လာသော  ခြေသံ ……
အစက ဆောင်းဒိုဟုသာ ထင်မှတ်မိလိုက်သော်လည်း ကွဲပြားသည့် ခြေသံကြောင့် ရင်ထဲ၌ တစ်မျိုးတစ်မည်။
လှည့်ကြည့်ချင်မိသော်လည်း အကြိမ်ကိုးရာကိုးဆယ့်ရှစ်သာ ရှိသေးသည်မို့ သက်ပြင်းအသာချ ဘုရားရှင်ကိုသာ အာရုံပြုထားမိ၏။

နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]Où les histoires vivent. Découvrez maintenant