တစ်နှစ်ကြာပြီးနောက်ဂျိုဆွန်း
ဟန်ယန်း........."ဘာပြောတယ် ထယ်ဂျင်~ ထယ်ဂျင်က!!"
"ဟုတ်ပါတယ် မင်းကြီး အိမ်ရှေ့စံက ဒီအခွန်တော် အလွဲသုံးစားပြုမှုမှာ အဓိကတာဝန်ရှိသူလို့ ပြောပါတယ် အတွင်းနန်းဆောင်က မိဖုရားမယ်မယ်ရဲ့ အကူအညီနဲ့- -"
"အိမ်ရှေ့စံက တော်လှပြီထင်နေတာ နောက်ဆုံးတော့ ကိုယ်တော့် နောက်ကျောကို ဓါးနဲ့ထိုးနေတာပါလား သိပြီမို့လို့ ဆက်စုံစမ်းလို့ပြောလိုက် သွား~ သွားပြီးရင် ယွန်းချောင်းကို ခေါ်လာ"
"ယွန်းချောင်းအမတ်မင်းက အပြင်မှာ အဆင်သင့် စောင့်နေပါတယ် မင်းကြီး"
"ကောင်းတယ် အထဲဝင်လာခိုင်းလိုက်"
"ဟုတ်ကဲ့ "
အထိန်းတော်ဟန် ထွက်ခွာသွားသည့်နောက် ဝမ်ဂျွန်းအရှင်တစ်ယောက် နောက်ကျိလာသည့် ခေါင်းကို အသာဖိထားမိသည်။ သားတော်နှစ်ပါးသာ မွေးထားသည့် သူ၏ဘဝ......။
တစ်ပါးက အိမ်ရှေ့စံနေရာ ရထားပါလျက်နှင့် အသုံးမကျ~~~
နောက်သားတော်က ထက်မြက်၍ မင်းတစ်ပါးဖြစ်မည့် အရည်အချင်းရှိပါလျက်နှင့် မကောင်းလှသည့် ကြမ္မာကြောင့် ဟန်အင်ပါယာ၏ သွေးသားကို ဆန်းကြယ်စွာ မွေးဖွားထားရသည်။
ဤကဲ့သို့ ဖခင်သာ မရူးချင်လျင် မည်သူက ရူးချင်ပါမည်နည်း။စိတ်ဖိစီးခြင်းနှင့်အတူ ကပ်ပါလာသည့်
တစ်စထပ် တစ်စ ပိုပို၍ဆိုးလာသည့် ရောဂါက ချောင်းဆိုးရာမှအစပြုလာသည်။ ခပ်အုပ်အုပ် မသိမသာချောင်းဆိုးနေရာမှ ရင်ဘတ်မှ မခံမရပ်နိုင်စွာ ထိုးအောင့်ခြင်းနှင့်အတူ လက်ထဲသို့ပါလာသည်က သွေးစများ......။
အဆောင်တော်မှ မည်သူမှမသိအောင် ပဝါစဖြင့်အကုန် လက်စဖျောက်ရင်း သက်သာဟန်ဆောင်မိရ၏။"အရှင်မင်းကြီး အမတ်မင်းယွန်းချောင်း အခစားဝင်ပါတယ် "
"ဝင်လာခဲ့ "
သွေးတို့ပေစွန်းနေသည့် ပဝါစကို စန္ဒကူးသားခုံအောက်သို့ တွန်းထည့်အစဖျောက်ရင်း မင်းတစ်ပါး၏ တည်ကြည်ဟန် အပြည့်ဆောင်သည့် ဝမ်ဂျွန်း......။
မင်းတရား၏ လက်ဖျားတို့ကမူ ရောဂါကို အံကြိတ်ခံနေရခြင်းနှင့် အတူ တုန်ယင်၏။
အခစားဝင်လာသည့် အမတ်မင်းထံမှ မူမပျက် အရိုအသေပြုခံပြီးနောက် မည်သည့် သတင်းပါလေမည်နည်း။ နားစွင့်မိသည်။ ယွန်းချောင်းက ဟွန်းလေး၏အကြောင်းကို စုံစမ်းခြင်းအား ခိုင်းစေခံထားရသည့် ဒုတိယအဆင့်အမတ်မင်း ဖြစ်သည့် အလျောက် ဟွန်းလေး၏ထူးခြားသော သတင်းတို့က ကျိန်းသေပါလာလိမ့်မည်လေ။
ESTÁS LEYENDO
နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]
Fanficနန်းလုပွဲ၊သွေးချောင်းစီးမှုတွေကြားက ကြီးမြတ်တဲ့ဘုရင်နှစ်ပါးရဲ့ မလှပခဲ့တဲ့ မေတ္တာတရား~~~ English Title : "Two Suns make one love" ChanHun_Dreamland Written by ReliChal_618