အပိုင်း -၁၃

4.3K 457 17
                                    

တိမ်ရေးခြယ်တဲ့ ဖြူပန်းချီ
လရောင်သန်းတဲ့ ပါးပြင်အောက်ကို
ချယ်ရီကြွေတွေခစားတော့
လောကရဲ့ အလှနတ်ဘုရားတွေ ရှုံးကုန်ကြတယ် နေမင်းငယ်~~

**************

"ချင်းလီ~ "

"ဟုတ်ကဲ့ ပြောပါ မယ်မယ် "

"အရှင့်ကိုငါပြောတာ အရမ်းရင့်သီးသွားမလားမသိဘူး အရှင်စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ ငါအရမ်းကြောက်တယ် "

"အရှင်က မယ်မယ့်ကိုချစ်မြတ်နိးပါတယ် အဲ့ဒီလိုမတွေးပါနဲ့ "

လရိပ်နန်းဆောင်မည်သည့် မိဖုရားခေါင်နန်းဆောင် လေသာပြတင်းမှ နန်းရှုခင်းများကိုငေးရင်း သက်ပြင်းဖျော့ဖျော့ချမိရသည့် မိဖုရား ယူဟွမ်……

ချင်းလီကမူ လုပ်လက်စဖြစ်သော အရှင်မကိုလက်ဖက်ရည်ခစားရေးအတွက် လက်ဖက်ရည်ကြမ်းကိုသာ ဖြည်းညှင်းညှုင်းငှဲ့ချ၍နေ၏။

သို့သော် အဘယ်ကြောင့်ရယ်မသိ သူမ၏လက်ဖက်ရည်ငှဲ့သည့် လက်ဖျားများကမူတုန်ယင်၍နေသည်။

မအေးနိုင်သည့်စိတ်အစဉ်ကြောင့် ရင်ဘတ်ကိုအသာဖိရင်းမှပင် ရေနွေးငှဲ့ရသည့် သူမအား မိဖုရားမမြင်တွေ့လိုက်သည်က တော်သေး၏။
သို့မဟုတ်လျင် မိတ်ဆွေဟူလျင် အစိုးရိမ်ကြီးတတ်သည့် မိဖုရားယူဟွမ်ကြောင့် မေးမြန်းခြင်းပြုလာလျင် သူမအဖြေရခက်နိုင်သည်လေ။

"ငါ အရှင်စိတ်ပြေအောင် ဘာလုပ်သင့်လဲ ချင်းလီ ငါ့ဘက်က ဒီလိုမျိုးတစ်ခါမှ မလုပ်ခဲ့ဖူးဘူး "

" မယ်မယ် ~ "

"- - - --"

"အရှင်က အိုမီဂျာလက်ဖက်ရည်ကို နှစ်ခြိုက်တယ်မဟုတ်လား လက်ဖက်ရည်တစ်ပွဲသွားပို့ပေးလိုက်ပါ မယ်မယ့်ရဲ့စေတနာကြောင့် အရှင်စိတ်ပြေပါလိမ့်မယ် "

"အာ ~ အိုမီဂျာ~ အရှင်ဒီအဆောင်ကိုလာတိုင်း စွဲသောက်လေ့ရှိတယ် ငါမေ့နေတာ ကျေးဇူးပဲ ချင်းလီ အားမေကို လက်ဖက်ရည်နဲ့မုန့်ပြင်ခိုင်းရမယ် "

"ကျွန်မလည်း သွားကူညီလိုက်ပါ့မယ် မယ်မယ်~ "

"အေး တစ်ကယ်ကျေးဇူးပဲ "

နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]Où les histoires vivent. Découvrez maintenant