အပိုင်း-၂၈

2.4K 370 21
                                    

နေနှစ်စင်းရဲ့ချစ်ခြင်း~~

"လက်နက်ခဲယမ်းအင်အားကို  စီစဉ်ထားပြီးသားဆိုတော့ အရင်ဆုံးဗျူဟာကို တိုင်ပင်ကြတာပေါ့။ နန်းတွင်းရဲ့အနေအထားနဲ့ ချောင်ပိတ်တိုက်ရင်  တိုက်ရင်နိုင်နိုင်တဲ့နေရာမျိုးတွေ သေချာရွေးချယ်ရမယ်။"

"ကောင်းပါပြီ မင်းသားလေး~ "

"စစ်သူကြီးကင်က ဘယ်ဘက်ပါမယ်လို့ထင်သလဲ? "

"စစ်သူကြီးကင်တို့သားအဖက အရှင်မင်းကြီးအပေါ် အလွန်သစ္စာရှိတဲ့လူတွေပါ။ သေချာပေါက် မင်းသားလေးကို နန်းတက်နိုင်အောင် ကူညီပြီး သစ္စ္ဘာခံပါလိမ့်မယ် !"

အမတ်မင်းယွန်းချောင်း၏ စကားကြောင့် ဆယ်ဟွန်းအပြုံး~ အမတ်မင်းက နားမလည်သလိုငေးကြည့်နေသည်။ နန်းတွင်းလျှို့ဝှက်မြေပုံကိုငေးရင်း အဓိပ္ပာယ်ရှိရှိပြုံးနေခဲ့သည်။ ဆယ်ဟွန်းအား သိချင်ဇောဖြင့် အမတ်မင်းက မေးမြန်းလာ၏။

"ဘာလို့ အဲ့ဒီလိုပြုံးနေရတာပါလဲ? "

"ကျွန်တော်က… ဘုရင်ဖြစ်လာဖို့ မမျှော်လင့်ပါဘူး။ တွေးခဲ့မိတယ်။ ခမည်းတော်မှာ သားတော်သုံးပါးရှိရင် သိပ်ကောင်းမှာပဲလို့ ~  ကျွန်တော်က တိုင်းပြည်ကိုတာဝန်ယူဖို့ထက် စာအုပ်စာပေထဲ ခေါင်းနှစ်နေဖို့သာ ဖြစ်သင့်တဲ့သူပါ "

"မင်းသားလေး~~ "

"………… "

"ကံကြမ္မာကိုရှောင်လွှဲမရလို့ ဒီလိုတွေဖြစ်ခဲ့တာပါ။ ဒါက မင်းသားလေးရဲ့ ကြမ္မာဖြစ်နေခဲ့တာကြောင့်  ဘယ်လိုမှ ရှောင်ဖယ်လို့မရပါဘူး။ ဟန်ဘုရင်ရဲ့ ကြင်ယာတော်ဖြစ်ခဲ့တယ်ဆိုတာကို  မေ့သင့်ရင် မေ့ပစ်ပြီး ဦးနှောက်ထဲက ဖျက်သိမ်းရပါလိမ့်မယ် "

"အမတ်မင်းယွန်းချောင်း သိလား? "

"ဗျာ? "

"ခင်ဗျားက သွေးရော မျက်ရည်ရော မရှိတဲ့သူပဲ… ခင်ဗျားသာဆိုရင်ရော ဦးနှောက်ရော နှလုံးသားထဲက ဖျက်ချင်မိပေမယ့်  ဖျက်မရတဲ့ခံစားချက်ကို ဘယ်လိုလုပ်မလဲ? ဒီနှလုံးသားထဲ အမြစ်တွယ်နေတာကို ဖယ်ပစ်လို့ရပါ့မလား? "

ဆွေးမြေ့မြေ့ဟန်ဆိုသည့် ဆယ်ဟွန်းစကားအဆုံး အမတ်မင်းက မျက်နှာမထားတတ်ဟန်ဖြင့် ရှိနေသည်။ စကားပြောမှားလေပြီလားဟူသည့် အသွင်ဖြင့် မျက်နှာမှိုင်းညို့နေသည့် အမတ်မင်းယွန်းချောင်းကြောင့် ဆယ်ဟွန်း တစ်ချက်သာ ပြုံးမိလိုက်ပါ၏။

နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]Onde histórias criam vida. Descubra agora