နှင်းစက်တို့ဖန်ဆင်းတဲ့ သူဟာ
အဘယ်ကြောင့်ရယ်များ နေမင်းဖြစ်နေခဲ့ရတာပါလိမ့်……"နန်းပြင်ထွက်ရမယ် !!"
"ဟုတ်ပါတယ် မယ်မယ် အရှင်မင်းမြတ်ချမှတ်လိုက်တဲ့ အမိန့်ပါ တော်ဝင်သင်္ချိုင်းဂူကိုသွားဖို့ အရှင်က မိဖုရား၊ကြင်ယာတော်တွေကို အတူတူခေါ်သွားလေ့ရှိတယ် အခုမယ်မယ်က အခေါ်ခံရတာပါ ဂုဏ်ယူပါတယ်နော် မယ်မယ်"
"ဒါပေမယ့် ငါက အခုမှ ကြင်ယာတော် အဆင့်လေးပဲရှိသေးတဲ့ ကြင်ယာတော်လေ လိုက်လို့ရပါ့မလား?"
"ရတာပေါ့ မယ်မယ်ရဲ့ နန်းပြင်ထွက်ရရင် အရှင်မင်းကြီး ချစ်မြတ်နိုးတဲ့သူတွေကိုမှ ခေါ်တာမို့ မယ်မယ်က ကံကောင်းတာပါ မယ်မယ်မရောက်ခင်က အရှင်မင်းကြီးရဲ့အရေးပေးမှုခံရတဲ့ ချင်းလီဖိဖုရားတောင် အခေါ်မခံရပါဘူး "
ဝမ်းမြောက်စွာဖြင့် ဆယ်ဟွန်းအားပြောပြနေသည့် အထိန်းတော်ယန်~~
အထိန်းတော်ယန်သည် နန်းတွင်းသူပီသစွာ သခင်ဖြစ်သည့် ဆယ်ဟွန်းဘက်မှ လိုက်ပါဝမ်းမြောက်ပေးနေဟန်ရှိ၏။ဤအဆောင်မှာနေသမျှကာလပတ်လုံးလည်း ဂျိုဆွန်းသူလော ဘာလောဂရုမစိုက် အရှင်သခင်ကိုသာအလေးထားပြုစုသည်က အထိန်းတော်ယန်သာရှိသည်ရယ်ကြောင့် ယောကျာ်းလေးဖြစ်မှန်းမသိသည်ကလွဲ၍ အထိန်းတော်ယန်သည် ဆယ်ဟွန်းအပေါ် အကောင်းဆုံး ဟန်လူမျိုးဖြစ်မှန်းမသိဖြစ်လာရသည်။
ယခုလည်း ဟန်ဘုရင်မင်းမြတ်၏အရေးပေးမှုရလာသော ဟန်လူမျိုးမိဖုရားများကြားမှ အနှိမ်ခံ ဂျိုဆွန်း ကြင်ယာတော်ဘက်မှ သူမက အလွန်ဝမ်းသာပေး၍နေ၏။
ဆယ်ဟွန်းကမူ ခံစားချက်ကိုအလေးထားသည့် မိန်းမသားမဟုတ်သည်ကြောင့် အရေးပေးမှု မပေးမှု မည်သို့မျှမနေ……
ပါဏာတိပါတကျူးလွန်ရန်သာ စိတ်ထဲရှိနေသည်ရယ်မို့…
သို့သော် မိန်းမယောင်ဆောင်ဘဝ၌ ဟန်ဘုရင်မင်းမြတ်၏ အရေးပေးမှုကို သိသိသာသာခံလာရသော သူ့အား တခြားမိဖုရားတို့က မစ္ဇရိယစိတ်ကြီးစွာ ဝိုင်းနှိမ်ကြသည်။ နှိပ်စက်ကြသည်။ ဟန်ဘုရင်မင်းမြတ်၏ ကွယ်ရာ၌……
ESTÁS LEYENDO
နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]
Fanficနန်းလုပွဲ၊သွေးချောင်းစီးမှုတွေကြားက ကြီးမြတ်တဲ့ဘုရင်နှစ်ပါးရဲ့ မလှပခဲ့တဲ့ မေတ္တာတရား~~~ English Title : "Two Suns make one love" ChanHun_Dreamland Written by ReliChal_618