အပိုင်း-၃၃

2.5K 377 26
                                    


နေမင်းရဲ့ ပြင်းပြပူလောင်တဲ့ တာဝန်တွေအကြား ချစ်မေတ္တာတစ်ခုကို နာကျင်စွာ လောင်ကျွမ်းစေခဲ့တယ်။

နေနှစ်စင်း၏ ချစ်ခြင်း…

"အရှင်……  မိဖုရားချင်းလီ တွေ့ခွင့်တောင်းပါတယ်။ "

"ဝင်ခွင့်ပေးလိုက်"

သလွန်၌ လဲလျောင်းနေရာမှ ထထိုင်ရင်း ခပ်ပြတ်ပြတ်စကားသာဆိုမိသော်လည်း အမှန်ပြောရလျင် စိတ်မကြည်လင်……
ညီလာခံမှပင် စောစီးစီးထထွက်လာရသည်အထိ စိတ်ထွေပြားရသည့်အထဲ လင်း၏မွေးစားမယ်တော်က ဘာလာလုပ်ပါလိမ့်။ ချန်းလျဲ့စိတ်မကြည်စွာ မျက်မှောင်ကြုံ့လျက် တွေးနေမိစဉ်မှာပင် ချင်းလီက မျက်စိရှေ့သို့ အခစားဝင်လာပြီဖြစ်၏။

"အရှင့်ကို ဂါဝရပြုပါတယ်။ "

"ထပါ။ "

"ဟုတ်ကဲ့… "

"ဘာလာလုပ်တာလဲ? လာရင်းကိစ္စသာပြောပါ။ ချင်းလီ~ "

အရှင့်စကားက စိတ်မရှည်ဟန်ဆိုသော်လည်း  ချင်းလီ ကျေနပ်လွန်း၍ ပြုံးမိသည်။ ယခင်က မိဖုရား၊မယ်မင်းဟုသာ ခေါ်ဆိုနေသမျှ အရှင်သည် ယခု သူမ၏ အမည်နာမအား ခေါ်ဆိုပေး၍ အပျော်လွန်ကာ ထခုန်မိမတတ်……။
လာရင်းကိစ္စကို မေ့သည်အထိ ပြုံးမိနေရင်းမှ အရှင့်ထံမှ စိတ်မကြည်လင်သည့် အငွေ့အသက်တို့ရနေခြင်းကြောင့် လာရင်းအကြောင်းအား စကားစမိ၏။

"အရှင်…  အိမ်ရှေ့စံ ဘယ်အချိန်ပြန်လာမှာလဲ။ ကျွန်တော်မျိုးမ သိချင်မိလို့ပါ။ "

"လင်းလေး?  လင်းလေးအတွက်စိတ်ပူနေတာဆိုရင် မစိုးရိမ်ပါနဲ့။ သူကလူကြီးဖြစ်နေပြီ။ "

"ဒါပေမယ့် အရှင်…… "

"မင်းသိလား?  လင်းလေးကိုမွေးခဲ့တဲ့သူက မင်းကိုယုံကြည်လို့ လင်းလေးကို မင်းလက်ထဲအပ်ခဲ့တယ်။ ကိုယ်တော်ကတော့ အဲ့ဒါဟာ ကိုယ်တော်ပြုတဲ့အမှားလို့ ထင်တာပဲ။ လင်းလေးက ဒီလိုမျိုးတွေ ပျက်စီးကုန်တာ… "

"အဲ့ဒါ ကျွန်တော်မျိုးမအပြစ်ကြောင့်ပါ။ အိမ်ရှေ့စံက အပြစ်ကင်းပါတယ်။ အသုံးမကျတဲ့ ဒီမွေးစားအမေကိုပဲ အပြစ်ပေးပါ။ အရှင်…… "

နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]Onde histórias criam vida. Descubra agora