အပိုင်း-၁၇ ၁၈ ၏ အကြိုဇာတ်လမ်း

3.7K 338 12
                                    

"နန်းတော်ထဲကို ရောက်လာပြီဆိုတာနဲ့ ကျားရဲတွင်းထဲဝင်လာတယ်ဆိုတာ မင်းသိသင့်တယ် ကောင်လေး "

"မယ်မယ်ကြီးတို့ ကျားရဲတွင်းထဲ ကျွန်တော်မျိုးက ကိုယ့်ဘာသာခုန်ဆင်းလာခဲ့တယ်ဆိုရင်ရော အပြစ်တင်မှာလား ဝမ်းသာနေမှာပါလား"

"မင်းသေရမယ်ဆိုရင်ရော"

"ကျွန်တော်မျိုးကကြောက်တတ်သူ မဟုတ်ဘူး"

******

"ဟွန်းလေးက အဲ့ဒီမှာကြာကြာနေရင် အန္တရယ်များတယ် တစ်ကယ်လို့ တစ်ကယ်လို့များ ဟန်ပြည်ကလူတွေက ဟွန်းလေးရဲ့ လျှိ့ဝှက်ချက် အထူးသဖြင့် အင်ပါယာအရှင်က သိသွားရင်ရော ဟွန်းလေးကို မင်းကြီး နန်းတင်လို့ရတော့မှာမဟုတ်ဘူး ဟွန်းလေးက နမိတ်ထဲက ဘုရင်တစ်ပါးဖြစ်လာပါ့မလား "

"အဲ့ဒါဆိုရင် နမိတ်က ဟွန်းလေးမဟုတ်ဘူးဆိုရင်ရော မင်းဘယ်လိုလုပ်မလဲ ဟယ်ယွန်း ဟွန်းလေးက အင်ပါယာအရှင်နဲ့ချစ်ကျွမ်းဝင်နေခဲ့ရင် ခွဲရင်တောင်ခွဲလို့ရမှာမဟုတ်ဘူးလေ"

*****

"ဘတ်ခ်ဟွန်းက ငါ့ရဲ့လူပဲ မင်းတို့လူမဟုတ်ဘူး ချန်း~ မင်းကောင်လေးကို လက်လျှော့စေချင်တယ် အရေးမပါတာတွေကိုဆွဲမထည့်နဲ့လို့ "

"ဒါပေမယ့် ဘယ်လိုလုပ်မလဲ အကိုတော်~ ကျွန်တော်လက်လျှော့ခိုင်းရင်တောင် သူကလက်လျှော့မယ့်ကလေးမဟုတ်ဘူး "

**********

"မင်းကြီးဆီက လျှို့ဝှက်စာရတယ် ငါ့ကို ပြန်လာခဲ့ပါ သားအဖြစ်အသိအမှတ်ပြုရမယ့် အချိန်ကိုရောက်ပြီတဲ့ ငါဘာလုပ်သင့်သလဲ"

"ပြန်ကြရမှာလား မင်းသားလေး"

***********

"ပုလဲနန်းဆောင်ကသခင်လေး မူးလဲတယ်တဲ့ ဘာရောဂါဖြစ်နေသလဲမသိဘူး သမားတော်တွေက တစ်ယောက်ပြီးတစ်ယောက်ပဲ "

"သခင်လေးရဲ့ သွေးခုန်နှုန်းက မူမမှန်လောက်အောင် ထူးဆန်းနေတယ် ဘာရောဂါမှန်း မသိနိုင်ပါဘူး "

"ငါသေရမှာလား ဒီထူးဆန်းတဲ့ရောဂါကြောင့်လေ"

"သခင်လေးရဲ့ ရောဂါကိုသိတဲ့သမားတော်တွေ့ပါပြီ သခင်လေးကလေ- - - သခင်လေးဆီမှာ- ရောဂါက- -"

******

"တစ်နေ့ကျရင် ဝေးကြရမှာပါပဲလား ဒါကို ငါကြိုသိထားသင့်တာ နှုတ်ဆက်လိုက်ပါတယ် အရှင် "

နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]Où les histoires vivent. Découvrez maintenant