နေနှစ်စင်း၏ချစ်ခြင်း......Three inches to Hevenသီချင်းအား နားထောင်လျင် ခံစားချက်တစ်စုံတစ်ခုအား ခံစားစေရမည်ဟု ထောက်ခံပေးချင်ပါ၏။။
မနက်ခင်းနိုးထစ၌ နံဘေး၌ရှိနေမည့် ချစ်ရသူအား မျက်လုံးမပွင့်တပွင့်ဖြင့် လက်လှမ်းမိသော် နွေးထွေးထွေးခန္ဓာအစား ဂွမ်းစောင်အိအိ၏ နူးညံ့မှုကသာဆီးကြို၏။ မနက်ခင်းထ၍ တစ်ခုခုလုပ်ပြန်လေသလားဟု တွေးရင်း ခန္ဓာထက် အပေါ်ရုံမကပ်နိုင်သေးပဲ အောက်ခံအဖြူဝတ်ဖြင့်သာ အခန်းသေးသေးအတွင်း၌ လှည့်ပတ်ရှာမိ၏။ မတွေ့......
အပြင်၌ တစ်ခုခုလုပ်နေပြန်သလားဟုတွေးမိပြီး ရှာပြန်သော်လည်း ခြံဝန်းအတွင်း၌မရှိ။
မီးဖိုချောင်ဘက် ရှန့်ကုံးနှင့်များရှိနေလေသလားဟု အတွေးပေါက်၍ မီးဖိုချောင်ဘက်ရှာမိပြန်သော်လည်း ရှန့်ကုံးက မီးမွှေးကာ အစားအသောက်ချက်ခြင်းဖြင့်အလုပ်များနေသော်လည်း အဖြူရောင်အရိပ်ငယ်အား မည်သည့်နေရာမှာမှ ရှာမတွေ့.........။ဘယ်များသွားသလေသနည်းဟု တွေးကာ ဟိုဟိုသည်သည်ကြည့်မိနေစဉ် ရှန့်ကုံးက အရှင်သခင်သူ့ကိုအမြင် အလျင်အမြန် အရိုအသေပေးလာ၏။
"နိုးနေပါပြီလား အရှင်~ "
"အင်း~ဘယ်မလဲ ဟွန်းလေးရော~ "
"ရှင်~~ အိပ်နေတုန်းမဟုတ်ပါလား။ ကျွန်တော်မျိုးမနိုးနေတုန်းက ထွက်လာတာမတွေ့ပါဘူး။ "
"ဘာ! "
"ဟုတ်ပါတယ်။ ကျွန်တော်မျိုးမအစောကြီးနိုးတာပါ။ မီးဖိုချောင်နဲ့ သခင်လေးအခန်းကအဝေးကြီးမှမဟုတ်တာ ထွက်လာရင်မြင်ရမှာပါ။ အခု ထွက်လာတာကို မတွေ့မိတာပါ~ အာ! အခုမှသတိထားမိတယ်။ ဆောင်းဒိုကိုလည်း မတွေ့ပါဘူး။ "
"သူတို့ ဘယ်တွေသွားနေတာလဲ?"
မျက်မှောင်ကြုံ့ကာရေရွတ်မိခြင်းဖြင့်ုခြံအတွင်း၌ လူးလာခေါက်ပြန်လျှောက်မိသည်က ဘယ်နှစ်ခါမှန်းမသိ......
အိမ်သေးသေးလေး၌ နှံ့အောင်ရှာ၍မတွေ့ရခြင်းက တစ်နေရာသို့ထွက်သွားသည့် သဘောဖြစ်လေသည်ကြောင့် စောစောစီးစီး မည်သည့်နေရာ သွားလေသနည်းဟု တွေးကာဗျာများနေရပြန်ပါ၏။
BẠN ĐANG ĐỌC
နေနှစ်စင်း၏ချစ်ခြင်း [Season 1 | Completed]
Fanfictionနန်းလုပွဲ၊သွေးချောင်းစီးမှုတွေကြားက ကြီးမြတ်တဲ့ဘုရင်နှစ်ပါးရဲ့ မလှပခဲ့တဲ့ မေတ္တာတရား~~~ English Title : "Two Suns make one love" ChanHun_Dreamland Written by ReliChal_618