❤ သူရှိနေမှန်း သိခဲ့ရင် ❤

995 72 14
                                    

" ဟေ့ကောင် မင်းကလည်းကွာ ဘယ်တွေသွားနေတာလဲ
ငါတို့ စောင့်နေတာကြာပြီ "
ရုံးခန်းထဲဝင်ဝင်ချင်း မမြင်ချင်လိုက်ရသော မျက်နှာတို့ကို မြင်လိုက်ရ၍ Kimmon အမောဆို့သွားလေသည် ထိုသူတို့မှာ God နှင့် Tae တို့သာ …
Kimmon က ဘာမှပြန်မပြောဘဲ အလုပ်စားပွဲပေါ် ပုံနေသော ဖိုင်တစ်ချို့ဆီကိုသာ အာရုံလွှဲလိုက်ပြီး lap top ဖွင့်ကာ လုပ်စရာရှိတာ လုပ်နေလိုက်တော့သည်

God နဲ Tae တို့ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း နှုတ်ခမ်းလေးရွဲ့ ပခုံးတို့တွန့်ကာ တီဗီမှလာနေသော အစီအစဉ်ကိုသာ အာရုံစိုက်လိုက်ကြသည်

God နှင့် Tae တို့မှာ Kimmon နဲ့ တစ်ကျောင်းတည်း
ငယ်သူငယ်ချင်း များဖြစ်သလို ကျောင်းပြီးတော့လည်း
သုံးယောက်သား ဆင်လက်ခင်မင်ဆဲပင် …

God Tae နှစ်ယောက်တို့မှာ မိဘတွေစီးပွားရေးကို ဆက်ခံကြသူတွေဖြစ်ပေမယ့် ကိုယ်ပိုင်လုပ်ငန်းတည်ထောင်ထားတဲ့ Kimmon ရဲ့ ဖျော်ဖြေရေးကုမ္ပဏီမှာ ရှယ်ယာဝင်ထားကြပြီး
တစ်ခါတစ်ရံ အခုလိုမျိုး Kimmon ဆီလာကာ
အချိန်ဖြုန်းတတ်ကြသည်

" ဟေ့ကောင် Kimmon … ငါတို့ကို အဖတ်လေးလုပ်ပါဦးဟ "
Tae က မနေနိုင် ထပြောတော့
" အေးလေ ပိုင်ရှင်သူဌေးဆိုတော့ ငါတို့ကို ချေတာလား "
God ကပါ ဝင်ပြောတော့သည်
Kimmon ကတော့ အလုပ်လုပ်နေရာမှာ မျက်လုံးလှန်ကြည့်ပြီး
" ဘာလဲ မင်းတို့ ရှယ်ယာတွေ ပြန်ထုတ်မယ်ဆိုပြီး ငါ့ကို ခြိမ်းခြောက်ဦးမလို့လား "
( ဒါကတော့ God နဲ့ Tae တို့ အလိုမကျရင် Kimmon ကို ပြောနေကျ စကား သူတို့ရဲ့ ရှယ်ယာတွေ ပြန်ထုတ်လိုက်ရမလား ဆိုပြီးတော့လေ )

" အဟားး သိနေရင်လည်း နည်းနည်းပါးပါး ဧည့်သည်တွေကို ဧည့်ခံလေကွာ " " မင်းတို့က ဧည့်သည်မှမဟုတ်တာ ဧည့်သည်သာပြောတယ် ငါမလာသေးဘူး ငါ့အလုပ်ခန်းထဲဝင် ဆိုဖာပေါ်အခန့်သားထိုင် ဝယ်လာသမျှစားသောက် တီဗီအကျယ်ကြီးဖွင့် ပြောချင်တာပြော ဆူညံနေတာလေ "
Kimmon က God စကားကို ပြန်လည်ချေပလေတော့

" အေးပါကွာ ထားတော့ လျှောက်ပြောမနေနဲ့ ငါတို့လာတာက နောက်လ ကျောင်းကို သွားဖို့ကိစ္စ ဘယ်လိုလဲ မင်းသွားမှာလား " ဆိုပြီး
Tae က ဝင်ပြောတော့သည်
God ကလည်း ဘယ်လိုလဲ ဆိုသည့် သဘောနဲ့ မေးငေါ့ပြလိုက်တော့  Kimmon က ခေါင်းညိမ့်ရင်း
" ငါတော့ သွားဖို့ဆုံးဖြတ်ပြီးသား မင်းတို့ကတော့
သွားမယ်ဆိုတာ ငါသိတယ် "
" သွားရမှာပေါ့ကွာ ဂျူနီယာလေးတွေနဲ့ အဟဲ …… "
God က ရယ်ပြုံးပြီးပြောတော့ Tae ကပါ အထာပေါက်ပြီး နှစ်ယောက်သား လက်ဖဝါးချင်းရိုက်ကာ အော်ရယ်ရင်း Kimmon ရဲ့ ဖိုင်တွဲနဲ့ နှစ်ယောက်ခေါင်း မိတ်ဆက်လိုက်တော့သည် ……
" တော်တော်အားနေတဲ့ အကောင်တွေ မင်းတို့က ဒါပဲသိတယ် "

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Место, где живут истории. Откройте их для себя