👀 စမ်းသပ်လိုစိတ် 👀

460 45 11
                                    

" ဒီနေ့သွားသောက်မယ် လိုက်မလား "
Tae က Kimmon ကို ဖုန်းလှမ်းဆက်သော်ညား
Kim သည် သူ့ပီတိနဲ့ သူ လိုက်ဖို့ဝေးရော ...
" မလိုက်ဘူး ဟေ့ကောင် ငါ ချိန်းထားတာရှိတယ်
နေပါဦး ဘာလို့သောက်မှာလဲ "
" ဒီလိုပဲပေါ့ကွာ စိတ်ပြေလက်ပျောက် "
" အိမ်မှာပဲ သောက်လိုက်တော့ နောက်မှ ငါ ဝယ်တိုက်မယ် ဒီနေ့တော့ မဖြစ်လို့ ဒါပဲနော် "

@ သူငယ်ချင်းတစ်ကောင်ပဲရှိတယ် အားကိုမကိုးရဘူး ဂရုစိုက်ဖော်လည်းမရ ... @
Tae က ညည်းတွားပြီး သက်ပြင်းရှည်ချလိုက်သည်

Kimmon ကတော့ ဖုန်းကိုအမြန်ချပြီး အပြင်ကိုပြန်ထွက် နာရီကို ကြည့်တော့ 6 နာရီ ကလေးကို 7 နာရီနော် လို့ msg လှမ်းပို့တာတော့ seen ပြတာပဲ ဒီတော့ ...
@ လာမှာပါ ကလေး လာမှာ @

Copter တစ်ယောက်လည်း ခဏနား ရေချိုးပြင်ဆင်ပြီး အပြင်ထွက်ဖို့လုပ်ရတော့သည်
@ wait! ငါလည်း သူ့ကိုမမြင်ဖူးပဲ ဘယ်လိုလုပ်မလဲ သူလည်းငါ့ကိုမမြင်ဖူးဘူး သေရောဟ ဘယ်လိုတွေ့ကြမှာတုန်း msg ပို့ရမလား ကျွတ် မပို့ချင်ဘူး အောက် တယ် @

" ကိုယ်ရောက်နေပြီ "
တွေးရင်းပင် msg ကဝင်လာသည် ...
@ သူရောက်နေတာဟုတ်တယ် ငါက သူ့မှမသိတာ မသိတော့ဘူး နေပါဦး ငါက သူ ဘယ်လိုပုံစံလဲ မေးဖို့ ဘာလို့တွန့်နေတာလဲ ... ထားပါ ဟိုရောက်ရင် သူ့ဘာသာတွေ့သွားလိမ့်မယ် @

waiter လေးက menu လာချပေးတော့ ...
" တစ်ယောက်လာမှ မှာမယ်နော် ... "
Kimmon ပြန်ပြောရင်း နာရီတကြည့်ကြည့်နဲ့ ကလေးကို မျှော်နေလေသည် ... ခေါင်းထဲမှာ
@ တွေ့ရတော့မယ် ကလေးလာတော့မယ် @
ကလွဲလို့ ကျန်တာဘာမှမရှိ ...

7 နာရီထိုးဖို့ 10 မိနစ် ...
စားသောက်ဆိုင် တံခါးလေးက ပွင့်သွားသည် ...
အမြဲအပေါက်ဝကို လှမ်းလှမ်းကြည့်နေတာမလို့
ဘယ်သူလေးလဲ ဆိုတာ Kimmon တန်းမြင်သည် ပြုံးပြီး မတ်တပ်ရပ်ရင်း လက်ပြလိုက်ပေမယ့် Copter က ခေါင်းလေးကိုလည်ပြီး သူ့ကို ရှာဖွေဆဲ ...

" ကိုယ် ဒီမှာ ... "
Copter နောက်မှာသွားရပ်ပြီး ပြုံးရင်း ပခုံးလေးကိုတို့ လို့ ပြောလိုက်သည် ...
Copter ကလှည့်ကြည့်ရင်း
" ဟာ အစုတ်ပလုတ်ကြီး အဲ မှားလို့ CEO ကြီး
ဘာလာလုပ်တာလဲ ညစာလာစားတာလား "
@ သေလိုက်ချင်တော့သည် သူက ငါ့ကို CEO ပဲသိတာ ဟုတ်သား သေလိုက်ပါတော့
Kimmon ရာ @

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Tempat cerita menjadi hidup. Temukan sekarang