😤 စွာတေးလေး 😷

645 65 27
                                    

Kimmon စိတ်တွေလှုပ်ရှားရင်းပင် မျက်လုံးတွေ မှိတ်ပြီး သီချင်းဆိုနေတဲ့ ရှေ့ကကောင်လေးကို သေချာကြည့်နေမိသည် ......
@ တွေ့ဖူးတယ် ဘယ်မှာတွေ့ဖူးပါလိမ့် ... @
ငါးစက္ကန့်လောက် သီချင်းလည်းနားထောင်ရင်း ဦးနှောက်ကိုလည်း အလုပ်ပေးလိုက်တော့မှ ...
သတိရပြီး ရယ်လိုက်မိသည် ...
@ စွာတေးလေးပဲ @

ဘယ်လိုလုပ် တစ်ယောက်ထဲ ဖြစ်နေနိုင်တာလဲ အခုရော ကိုယ့်ကို စွာနိုင်ဦးမလား ...
CEO တစ်ယောက်ကိုလေ ...

သီချင်းတစ်ဝက်လောက်ရောက်တော့
" ရပြီ ဒီလောက်ဆိုရပြီ "
Kimmon က လက်ကာရင်းပြောလိုက်တော့
Copter မျက်နှာမှာ စိုးရိမ်မှုတွေ ထင်ဟပ်သွားသည်

@ ဘာလို့လဲ ငါဆိုတာ မကောင်းလို့လား ဘာအဆင်မပြေလို့လဲ @
Copter စိတ်ထဲကနေ အလိုမကျမိ

" နောက်တစ်ယောက် ... "
Kimmon ကအေးဆေးပင် နောက်ပြိုင်ပွဲဝင်မည့်သူကို လှမ်းခေါ်လိုက်သည်... ဒါပေမယ့် Copter နံပါတ်က 60 ဆိုတော့ 10 ယောက်တစ်ခါ ခေါ်တဲ့ထဲ အုပ်စု 6 မှာ
Copter ကနောက်ဆုံးဖြစ်လေသည်
ဒီတော့ အခန်းထဲမှာ Copter ကလွဲ၍ တစ်ခြားပြိုင်ပွဲဝင်မရှိ

Kimmon က နောက်လာမယ့် ပြိုင်ပွဲဝင်ရဲ့ profile ကို ကြည့်နေရင်းမှ မျက်လုံးပင့်ကြည့်လိုက်တော့ ...... သူ့ကိုစူးစိုက်ကြည့်နေတဲ့ Copter မျက်လုံးတွေကိုသာ တွေ့ရသည် ...
Copter အင်္ကျံမှာတော့ No. 60 ဆိုတဲ့ ရင်ထိုးလေးကို တွေ့လိုက်ရတော့မှ
Kimmon သဘောပေါက်သွားသည် ...

" ခဏနားမယ်လေကွာ "
ဘေးနားက God ကပြောရင်း အကြောဆန့်ဖို့ မတ်တပ်ထလိုက်သည် ... Tae ကတော့ Copter ကို စူးစမ်းဆဲ ... တစ်ချက်မှမရွေ့ဘဲ Kimmon ကိုသာ စိုက်ကြည့်နေတော့ ထုတ်လုပ်သူ judge နှစ်ယောက်ကပါ ချောင်းဟန့်လိုက်သည် ...

" ဒီမှာ ... "
တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်တဲ့ ခပ်စွာစွာ အသံလေး ... Kimmon က ပြောလေ ဆိုတဲ့ ပုံစံနှင့်ကြည့်လိုက်သည် ...
" ကျွန်တော် သီချင်းဆိုတာ ဘာ အဆင်မပြေလဲ ဘာလိုအပ်လဲ ပြောရမယ်မဟုတ်ဘူးလား သီချင်းတစ်ဝက်လောက်မှာ ရပ်ခိုင်းတယ် ပြီးတော့ နောက်တစ်ယောက် ပြိုင်ဖို့ ခေါ်တယ် judge တွေဆိုပြီး ဆိုလို့ပြောရင်ဆို ရပ်လို့ပြောရင်ရပ် နောက်ပြိုင်ပွဲဝင်ကို ခေါ်လိုက်တာနဲ့ ရှေ့ကလူက ထွက်သွားရမှာလား "

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Nơi câu chuyện tồn tại. Hãy khám phá bây giờ