❤ အမှတ်မထင် တွေ့ဆုံမှု ❤

1.4K 92 16
                                    

" မား ကျွန်တော် ကျောင်းသွားပြီ "
" ဟင် အစောကြီးပါလား ကျောင်းတက်ဖို့ နှစ်နာရီတောင်လိုသေးတာကို "
" ဒီနေ့ ကျောင်းမှာ သီချင်းတိုက်ကြမှာလေ မားရဲ့ ကျောင်းစုံညီပွဲ အတွက် "
" သြော် အေး သားညက ပြောတာကို မေ့နေတာ ကဲ သွား သွား ဒါမျိုးကျ ဝီရိယကောင်းတယ် "
" ဟီးးး " ( Copter က သူ့မားအား ပါးချိုင့်များခွက်နေအောင် ပြုံးပြပြီး အိမ်ထဲကပြေးထွက်သွားလေသည် )
" ဂရုစိုက်နော် သား လမ်းလည်းသေချာကူးဦး ............... "

နောက်ကနေမားရဲ့ မှာလို့မဆုံးတဲ့ အသံတွေက ကျန်ခဲ့လေသည်
@ မားကလေ ငါ့ကို ကလေးလို့ထင်နေတုန်းပဲ ကလေးမှမဟုတ်တော့တာကို
လူကြီးဖြစ် ...... ဖြစ် ...
" အားးး နာလိုက်တာ ... တောက် ဒီကားတော့ "
( ခုန်ပေါက်ပြီးသွားရင်း လမ်းမှာရပ်ထားတဲ့ ကားနဲ့ တိုက်မိလေတော့ ကားကိုပြသာနာရှာတဲ့ Copter လေး )

ဒေါက် ဒေါက် ( ကားမှန်ကိုခေါက်လျက် )
" ဒီမှာ ဒီမှာ "
အထဲကကားမောင်းသူက မှန်တံခါးကိုချပြီး " ဘာကိစ္စလဲ "
" အမယ် ဘာကိစ္စလဲပဲမေးရတယ်ရှိသေး ဘာကိစ္စဖြစ်သွားမှန်း ခင်ဗျားမသိဘူးလား "
( Kimmon ခမျာ သူ့ဘာသာနေနေရင်းက အစွာခံရတော့သည် )

" နေပါဦး ကိုယ့်ဘာသာ ကားထဲနေတာ ဘာကိုသိရမှာတုန်း "
" ဟာ ခင်ဗျားကားကို ဘယ်လိုရပ်ထားတာတုန်း ကျွန်တော်တိုက်မိပြီလေဗျာ ခင်ဗျားသာကောင်းကောင်းကားရပ်ရင် ကျွန်တော် ဘယ်လို
တိုက်ဖို့ဖြစ်လာမှာ မှာ ......
( Copter စကားကမဆုံးသေး Kimmon ကားမောင်းထွက်လိုက်လေသည် )
" ဟာ ဟေ့လူ တောက် ...... စောစောစီးစီး ငါ့ဒေါသကို လာဆွပြီး ယဉ်ကျေးမှုကို မရှိဘူး အခုခေတ်လူတွေများ အံ့သြတယ် "

( Kimmon တစ်ယောက် ကျောင်းသားလေးတစ်ယောက် လာရစ်တာခံလိုက်ရပြီး ကျောင်းအင်္ကျံနဲ့ တံဆိပ်ကို မြင်လိုက်ရတာတော့ သူတက်ခဲ့တဲ့ကျောင်းက ဖြစ်နေတာတော့ သတိထားမိလိုက်သည် )

" ကျွတ် ဘယ်လိုသတ္တဝါလေးလားဟ ငါ့ကားကို သူလာတိုက်ပြီး စောစောစီးစီး တစ်ကယ်လေတယ် -_- အခုခေတ် ကလေးတွေများ အံ့သြတာကွာ အခုကျောင်းသွားမှာဆိုတော့ ပြန်တွေ့ရင်ဆုံးမရမယ် "
ကားကိုသာ အရှိန်နှုန်းမြှင့်လိုက်ရင်း Kimmon စိတ်လျှော့လိုက်သည်

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Nơi câu chuyện tồn tại. Hãy khám phá bây giờ