📝 အလွမ်းရဲ့အစ 📝

497 58 13
                                    

" ဟေ့ကောင် မင်း ဒီတလော အတွေးတွေလွန်နေပါလား "
ဖြန်းခနဲ ရိုက်လိုက်မှ သတိဝင်လာသော Kim ကို
God က ပြောလိုက်သည် …
" အဲ့ဒါတော့ အမှန်ပဲ God ရော ငါရော မင်းကိုခေါ်နေတာ ၁၀ ခေါက်လောက်ရှိပြီ "
Tae ကပါ မနေနိုင် ဝင်ပြောတော့ …
" အင်း … ဘာလဲ … ပြောလေ … ဟင်းးး "
Kimmon က စိတ်ဓာတ်ကျနေတဲ့ပုံနဲ့ သံရှည်ဆွဲ သက်ပြင်းချလျက် ပြန်ပြောသည်

" မင်းကွာ … ကြည့်ရတာ အားကိုမရဘူး ဘာဖြစ်နေတာလဲ အလုပ်ခွင်ဆို အမြဲတက်ကြွနေတဲ့ မင်းက အခုတလောကို ဘာဖြစ်နေမှန်းမသိ အသည်းကွဲရအောင်လည်း မင်းက ရည်းစားကိုမထားတဲ့ FA နော် " 
စိတ်ညစ်နေတဲ့လူကို ဖဲ့ဖြစ်အောင် ဖဲ့လိုက်တော့ …
" ရည်းစားးး?? ငါထားရင်ကောင်းမလားလို့ "
Kimmon ပြန်ပြောလိုက်သော စကားမှာ
အံ့သြစွာဖြင့် God ရော Tae ရော ထအော်လိုက်သည်
" ဘယ်လို ဘာ!!!!! "

" အမယ်လေးလေး အလုပ်နဲ့ မင်္ဂလာဆောင်မယ့်
CEO ကြီးက ရည်းစားထားမယ်လေး ဘာလေး ပြောထွက်လာတယ်ဟေ့ "
God က အသံကျယ်ကျယ်အော်ပြောတော့
" မင်း FA လို့ပြောလိုက်တာ ဒီကောင် နာသွားပုံပဲ
ဟက် ဟက် "
Tae ကပါဝင်ပြောရင်း God နဲ့ နှစ်ယောက် လက်ဝါးချင်းရိုက်လိုက်သည် …

" ကဲ ပြောပါဦး မှိုင်ထွေနေရတဲ့ အကြောင်းလေးကို သိသလိုရှိလာပြီ … ဘယ်တစ်ယောက်လဲ ငါတို့သိတဲ့ထဲကလား "
Tae က စပ်စုချင်သည့် မျက်လုံးတို့ဖြင့် မေးပေမယ့် Kim ကပြန်မဖြေ ……
" ဟေ့ကောင် ပြောလေဟာ ငါတို့ရှိနေတာတောင်
မိန်းကလေးတစ်ယောက်ကြောင့် စိတ်ညစ်ခံနေတာလား ဘယ်ကောင်မလေးလဲ ပြော "

" ငါက အပျော်သဘောနဲ့ပြောလိုက်တာပါ ဘယ်ကောင်မလေးမှ ငါ့ရင်ကို ခုန်အောင် မလုပ်နိုင်ဘူး FA လို့ပြောလည်း ခံရမှာပဲ …
ကဲ ထားတော့ ငါ အလုပ်လုပ်လိုက်ဦးမယ်
မင်းတို့ အရမ်းအားနေတယ်ဆို အေးဆေးထိုင်နေ "
Tae ရော God ရော ထိုင်နေရာမှ ထလာပြီး Kimmon ခုံရဲ့ တစ်ဖက်စီမှာ ရပ်ရင်း ……
" ပေါင်းလာတဲ့ သက်တမ်းကို မင်းပြန်တွက်လိုက်
ငါတို့ကို အချဉ်တော့မမှတ်နဲ့ မင်းမပြောဘူးလား ပြောမှာလား "

Kimmon ကတော့ မသိချင်ယောင် ဆက်ဆောင်ရင်း ....
" ဖယ်စမ်းပါကွာ စိတ်ရှုပ်ရတဲ့ထဲ ပြောစရာမရှိတာကို ဘာပြောရမှာလဲ သွား ပြန်တော့ အာရုံနောက်တယ် "
" အေးပါ မပေါ်အောင်ဖုံးထားပါ သတိထားနေ ဟေ့ကောင် တွေ့မယ် ဟင်း ဟင်း "
God က ကြိမ်းသွားပြီး Tae ကပါ ပခုံးကို ဖျစ်ညှစ်သွားသည် …
" အလကားကောင်တွေ …
ဆရာကြီးအထာတွေနဲ့ "
အခန်းအပြင်ရောက်သွားတဲ့ God နဲ့ Tae ကို
Kimmon တိုးတိုးလေး ပြောနေရင်း …

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Donde viven las historias. Descúbrelo ahora