❤ နှလုံးသားစေရာ ❤

499 56 12
                                    

" Copter လေး သားရေ ထတော့ "
မား တံခါးခေါက်ပြီး နှိုးသံကြားတော့မှ အိပ်ရာထဲ လူးလှိမ့်ရင်း Copter ထလိုက်သည် ... နာရီကြည့်မိတော့ 8 နာရီထိုးနေပြီ ...
ဖုန်း message စစ်ကြည့်လိုက်တော့ လူချစ်လူခင် ပေါလိုက်ပုံများ ဘာ message မှဝင်မနေ ...

" Morning 😀"
Copter send ကို မနှိပ်ခင်ပင် ပြန်ဖျက်လိုက်သည်
@ တော်ပြီ မပို့တော့ဘူး ... မနိုးသေးတာလား အလုပ်ရှုပ်နေတာလား ညကလည်း စာမပို့ဘူး ဘာဖြစ်ဖြစ်ကွာ ထားတော့ @
Line chat ထဲကပြန်ထွက်ပြီး
ရေချိုး မနက်စာစားဖို့ လုပ်လိုက်သည် ...

ရေချိုးပြီး အောက်ဆင်းလာတော့ ကျေးဇူးရှင် နှစ်ယောက်သား ရောက်နေပြီ ... မနက်စာဝိုင်းထဲ အဆင်သင့်ထိုင်လို့ သူတို့အိမ်ကျနေတာပဲ ...

" ငါတို့ကို စိတ်ထဲက မေတ္တာပို့မနေနဲ့ မင်း မျက်နှာကြည့်တာနဲ့သိတယ် "
Tee က Copter ကို မျက်စောင်းထိုးရင်း ပြောလိုက်တော့မှ ...
" အေးပါ ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ် အိမ်ထိကြွလာပေးလို့ "
Copter က ပြောရင်း ဝင်ထိုင်လိုက်သည် ...

" သားတို့ ဒီနေ့အိမ်မှာပဲ နေမှာမလား မား ပါးနဲ့ သွားစရာရှိတယ် အပြင်သွားမယ်ဆိုလည်း အိမ်တံခါးတွေ ဘာတွေ သေချာပိတ်နော် "
မားက မနက်စာပြင်ဆင်ရင်း မှာပြီး ပါးနဲ့အတူ ထွက်သွားသည် ...
" မား မုန့်ဝယ်ခဲ့ဦး ... "
Copter အကျယ်ကြီးလှမ်းအော်ပြောရင်း ပါးနဲ့မားကို အိမ်ရှေ့ထွက် လက်ပြလိုက်သည် ...

" ကလေးကျနေတာပဲကွာ မင်းကလည်း "
Bas က Copter ကိုကြည့်ပြီးပြောလေတော့
" မင်းကရော ဘယ်လောက်ကြီးနေလို့လဲ "
" အသက်ကိုပြောတာမဟုတ်ဘူး ကလေးဆန်တာကို ပြောတာ မင်းကလည်းလေ ပြန်စွာဖို့ကြီးပဲ "
" ဘာဖြစ်လဲ ကလေးဆန်တော့ ငါ့ပါးနဲ့မားပဲကို "

" တင်း တောင် "
ပြောရင်းနဲ့ပင် Line message ဝင်လာတော့ ...
" Morning! နိုးလောက်ရောပေါ့ မနက်စာစားပြီးပြီလား ဘာလုပ်နေလဲ 😀 "
Copter တစ်ယောက် msg ဖတ်ကြည့်ပြီး ပြုံးလိုက်သည် လက်တွေကတော့
reply ပြန်ဖို့အသင့်
@ စာပို့ဖော်တော့ရသေးတာပဲ စပ်စုလိုက်တာ ဘာလုပ်လုပ်ပေါ့ @
ပါးစပ်ကသာပြောတာ တစ်ကယ်ပို့လိုက်တာက
" အင်း မနက်စာစားနေတယ် အစ်ကိုရော ဘာလုပ်နေလဲ အခုမှနိုးတာလား 😊"

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Nơi câu chuyện tồn tại. Hãy khám phá bây giờ