😀 အပြုံးတို့ရဲ့အစ 😄

614 78 25
                                    

" အင်း ပြောလေ ညီ "
Copter ပါးချိုင့်တွေ ခွက်သွားအောင် ရယ်လိုက်သည်
" reply တော့ပြန်သားပဲ ဒါနဲ့ ကျောင်းလာမလာ ဘယ်လိုမေးရင်ကောင်းမလဲ "

ဟေ့ကောင် တစ်ယောက်ထဲရယ်ပြီး ဘာတွေပြောနေတာလဲ ...
Tee က ဖုန်းကို လှမ်းကြည့်တော့ Copter ဖုန်းကို ပိတ်လိုက်ပြီး ...
" ဘာမှမဟုတ်ပါဘူးကွာ ဗိုက်ဆာနေပြီ ပြောတာ "
" ဟင်း ဟင်း မင်းနော် ငါမသိဘူးထင်နေလား "
" မင်းက ဘာသိရမှာလဲ "

Tee က ဆက်ပြောချင်ပေမယ့် စားပွဲထိုးလေးက မှာထားတာတွေ လာချနေပြီ ရွှေဗိုက်ကလည်း အသံပေးနေကြတာ ဆိုတော့ စကားစ ပြတ်ပြီး ခေါင်းမဖော် လွေးကြတော့သည် ... အစားအသောက်တွေက တော်တော်အရသာရှိနေတာ ဗိုက်ဆာတာကြောင့်ပဲ ဖြစ်မှာပါလို့ Copter တွေးလိုက်သည် ......

🍂🍃

အိမ်ပြန်ရောက်တော့ ညနေ 6 နာရီ ရေချိုးပြီး ကုတင်ပေါ်ပစ်လှဲလိုက်တော့ တစ်နေကုန် ပင်ပန်းတာတွေကြောင့် မျက်စိတွေစင်းလာတော့သည်
ဒီနေ့ ရုံးခန်းထဲမှာပဲ အေးဆေးထိုင်ချင်သော်လည်း
ရှယ်ယာဝယ်ချင်တဲ့ သူဌေးတွေ ရုတ်တရက် ဆက်သွယ်လာလို့ စကားတွေပြော ကုမ္ပဏီ လည်ပတ်ပုံတွေရှင်းပြ လိုက်ပြ နဲ့ စိတ်နှစ်ပြီး အလုပ်လုပ်သမျှ Kimmon တစ်ယောက် အိမ်ရောက်မှပဲ ခြေပစ်လက်ပစ် ဖြစ်တော့သည်

ဖုန်း noti သံကြောင့် အိပ်ပျော်ခါစ မျက်လုံးတို့ မှိတ်ရင်းနဲ့ပင် ခေါင်းအုံးဘေးက ဖုန်းကိုလှမ်းယူလိုက်သည် ...
ပိတ်ချင်နေတဲ့ မျက်လုံးအစုံ ပြူးနေအောင် ပွင့်သွားသည် ... reply လာတယ်မှတ်တာ video အသစ်တင်ကြောင်း noti တက်တာပဲ ...

Video ဖွင့်လိုက်တော့ ပထမဆုံး စကားပြောသံလေး ထွက်လာတယ် ...

" ကျွန်တော် ကျောင်းရဲ့ စတိတ်စင်ပေါ်မှာ ရှိမနေနိုင်ခဲ့ဘူး အဲ့နေ့က စင်ပေါ်ကလူကို ကျွန်တော်လို့ အထင်မှားနေမှာ စိုးလို့ပါ အကြောင်းကိစ္စ တစ်ချို့ကြောင့် ကျွန်တော် ဖျော်ဖြေဖို့ ပျက်ခဲ့ပါတယ်
မမျှော်လင့်ထားပေမယ့် ကျွန်တော့်ကို လာတွေ့မယ် ပြောထားတဲ့ လူတစ်ချို့ကို တောင်းပန်တာပါ ရောက်လာခဲ့သည်ဖြစ်စေ မရောက်လာဘူးဖြစ်စေ တောင်းပန်ရမယ့် တာဝန်ရှိတယ်လို့ ခံစားမိလို့ပါ
သီချင်းလည်း မဆိုတာကြတော့ အခုဆိုမယ်နော်
အိမ်မှာလည်း အလုပ်ရှုပ်နေလို့ အခုမှပဲ သီချင်းဆိုဖြစ်တော့တယ် "

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Onde histórias criam vida. Descubra agora