💓ရင်ခုန်သံကို တောင်းဆိုခြင်း💓

443 40 9
                                    

" မနက်ဖြန်ညနေ အချိန်ရမလား
ကိုယ် ပြောစရာရှိလို့ "
" ဟုတ် ရပါတယ် … လေ့ကျင့်တာပြီးရင် အားတယ် "
" Ok! ညစာလိုက်ကျွေးမယ် "
" ညစာ ?? ဘာဖြစ်လို့ကျွေးမှာလဲ "
" ကျွေးချင်လို့ … "
" ကျွန်တော်က မငြင်းတတ်ပါဘူးနော် "
" ကိုယ်ကလည်း မငြင်းစေချင်ပါဘူး …… "
" ညစာကိုလား ? "
Kimmon စာမပြန်ဘဲ ငါးမိနစ်လောက် ရပ်နေပြီးမှ …
" အင်း … ညစာကို "

@ ဟင်းး … တစ်ကယ်တော့ ကိုယ်ပြောမယ့် စကားလေးကို ကလေးကို မငြင်းစေချင်ဘူး …
ကိုယ် အရမ်းမျှော်လင့်မိတာ မှားသွားလား ကလေးရာ @
Kimmon Line msg လေးကို ကြည့်ပြီး
အိပ်ရာပေါ် ပစ်လှဲလိုက်သည် ……

🍃🍂

" Copter … "
@ ကျွတ် မနက်မိုးလင်းတာနဲ့ ကျက်သရေမရှိတဲ့ မျက်နှာကို မြင်ရတော့သည် @
" ဘာလဲ … Tom မင်းက company ထိလိုက်လာတာ အားမရလို့ အခု
ငါ့အိမ်ရှေ့ထိပါ လာရတာလား "
" အေး ငါလည်း ဘာလို့ရောက်လာမှန်းမသိဘူးကွ အရမ်းလာချင်လွန်းလို့တော့မဟုတ်ဘူး မင်းကို အရေးကြီးတာလေး ပြောချင်လို့ "
Copter က ဂရုမစိုက်ဘဲ ရှေ့ကိုဆက်လျှောက်ပြီး
Tom ကို ကျောခိုင်းလိုက်သည် …

" မင်းမှတ်မိလား … မင်းကို အိမ်ရှေ့မှာ အမြဲစောင့်စောင့်ကြည့်ခဲ့တဲ့ လူတစ်ယောက်ကို "
Copter ခြေလှမ်းတို့ရပ်တန့်သွားသည် …
@ သိတယ် ကောင်းကောင်းလည်းမှတ်မိတယ် …
ပြီးတော့ မသိစိတ်က အဲ့လိုစောင့်ကြည့်ခံရတာကို သဘောကျနေခဲ့ပြီမလို့ သူမလာတော့တဲ့အချိန်က
စပြီး အရမ်းလွမ်းနေခဲ့တာ … ဒါပေမယ့် အမှတ်တမဲ့ ကိစ္စလို့ပဲ ခုချိန်ထိတွေးထားခဲ့မိ … @

" အဲ့လူ ဘယ်သူလဲ မင်းမသိချင်ဘူးလား "
Copter ဖြတ်ခနဲ လှည့်ကြည့်သည် …
" မင်းဘာတွေပြောနေတာလဲ ငါနားမလည်ဘူး
ငါ သွားတော့မယ် မင်းလဲပြန်တော့ "
" ဟက် … မင်းဆက်သွားလေ ဘာလို့ရပ်နေတာလဲ
အဲ့ဒီအကြောင်းတွေကို ကျောင်းသွားတိုင်း မင်းအိမ်ရှေ့ကဖြတ်နေတဲ့ ငါအကုန် သိတယ်
ပြီးတော့ ကံဆိုးစွာပဲ ငါက သူ ဘယ်သူမှန်းပါ သိခဲ့တယ် မင်းရော သိချင်တယ်မလား "
" မင်းဘာသာသိချင်တာသိ ငါ ဂရုမစိုက်ဘူး "

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Donde viven las historias. Descúbrelo ahora