လွန်ခဲ့တဲ့နှစ်ရက်က ~~~~
Tee စာကြည့်တိုက်ကအပြန် ထုံးစံအတိုင်း
Tae က ကားကိုမှီလျက် ရပ်စောင့်နေသည် …
Tee ကအမြဲ မမြင်ချင်ယောင်ဆောင်ပြီး ကိုယ့်လမ်းကို သွားနေကျ … Tae ကလည်း ဇွဲမလျှော့ဘဲ အမြဲ စောင့်နေကျ …" Tee … ကိုယ့်ကို ခဏစကားပြောခွင့်ပေးပါလား
နောက်ကနေ လိုက်လာသော Tae ကို Tee လှည့်မကြည့် … ရှေ့ဆက်ပဲလျှောက်နေသည်
" ကိုယ်တို့အကြောင်းမဟုတ်ဘူး Tee သူငယ်ချင်း
Copter နဲ့ ကိုယ့်သူငယ်ချင်း
Kimmon အကြောင်း "
ဒီတစ်ခါတော့ Tee လှည့်ကြည့်ပေသည် …
@ စကားပြောခွင့်ရဖို့ အဲ့လောက်တောင် ခက်သလား ကလေးရာ …… @" Copter ဘာဖြစ်လို့လဲ "
" ကိုယ်အေးဆေးပြောပြမယ် တစ်နေရာထိုင်တာပေါ့ "
Tee က မလိုက်ချင် လိုက်ချင်နဲ့ပဲ ကျောင်းထိပ်က ကော်ဖီဆိုင်ကို ကန့်လန့်ပါသွားတော့သည် …
" ဘာပြောချင်တာလဲ မြန်မြန်ပြောပါ "
Tae က Kimmon အကြောင်း အကုန်ပြောပြပြီး
ကော်ဖီတစ်ငုံလောက် သောက်လိုက်သည် …
Tee ကတော့ အံ့အားသင့်ဆဲ …
" ကိုယ် ဒီအကြောင်းတွေပြောပြတာက
Tom ဆိုတဲ့တစ်ယောက်က ကြားဝင်ချင်နေလို့ပဲ "
" Tom ?? Tom က ဘယ်လိုလုပ် "" အခုထိတော့ ငြိမ်နေသေးပေမယ့် ဘယ်ချိန် Copter ကို ပြောမလဲမသိဘူး Kimmon ကလည်း သူကိုယ်တိုင် အကုန်ပြောပြချင်တာတဲ့ "
" ကျွတ် ဒီကောင်နှောက်ယှက်လိုက်တာ "
Tee က စိတ်ပျက်လက်ပျက် ရေရွတ်သည် …
" ကိုယ့်ကို သူ့အကြောင်း ပြောပြမလား ကိုယ်လည်း အဲ့ကောင်လေး ပုံစံကို သဘောမကျဘူး company ကို လာပြီး Kimmon ကို မထိတထိ လိုက်စနေတာကိုလည်း ကိုယ် စိတ်မအေးဘူး "Tee က သက်ပြင်းတစ်ချက်ချလိုက်ပြီး
" Tom က ကျွန်တော်တို့နဲ့ အရမ်းခင်ခဲ့တာ သွားအတူ လာအတူ စားအတူထိ ဖြစ်ခဲ့ပေမယ့် သူ့ကိုဘာတွေပြောင်းလဲသွားစေမှန်းမသိလိုက်ချိန်မှာ Copter အပေါ် မနာလိုစိတ်တွေများလာတယ်
Copter လုပ်သမျှ လိုက်နှောက်ယှက်တယ် အခုအချိန်ထိပဲ … တစ်ကယ့်စိတ်ရင်းက ကောင်းခဲ့ပေမယ့် သူ့ကိုယ်သူပဲ ဖျက်ဆီးတာ အခုရော company ထိ ဝင်ထွက်တယ်ဆိုတော့ P'Kim နဲ့သိလို့လား ဒါမှမဟုတ် တမင် လာရစ်နေတာလား "" Kimmon အဖေနဲ့ သူ့အဖေက အသိတွေလို့ပြောတယ် trainne ဖြစ်ချင်တယ်ဆိုပြီး Kimmon ကို အမျိုးမျိုး လာပြောနေတာ … "
" တွေ့လား trainee ကဖြစ်ချင်သေးတာ ပြီးရင်
Copter ကို လိုက်မွှေတော့မယ် … ကျေးဇူးပါ
အကြောင်းတွေ ပြောပြလို့ ကျွန်တော်သိရတော့
Copter ကို နည်းနည်းကြည့်ပေးလို့ရတယ်
Bas ကိုလည်း ပြောထားဦးမှပါ "
@ သူငယ်ချင်းကျတော့ စိတ်ပူတယ် ကိုယ့်ကိုကျ မမြင်ဘူးလား ကလေးရာ … Copter ကို အားတွေကျနေပါပြီ @
BẠN ĐANG ĐỌC
❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )
Fanfiction❄ ထက်ကောင်းကင်နှင့် ကမ္ဘာမြေကို သက်သေပြုလျက် ကျိန်ဆိုရဲ၏ ...... ❄ ❤ ရင်ခုန်သံတွေရပ်သွားသည့်တိုင် ကျွန်တော်တို့နှစ်ယောက် ချစ်နေဦးမည် ❤ #KimCop