" ဟေ့ကောင် ဘာတွေအဲ့လောက်ငေးနေတာလဲ "
အတွေးထဲ မြောနေတဲ့ Kim ကို Tae က နောက်ကနေရိုက်ရင်း မေးလိုက်သည် …
Kim တစ်ချက်တုန်သွားပြီးမှ …
" ကျွတ် မင်းကလည်း အသံလေးဘာလေး ပေးလေကွာ လန့်လိုက်တာ "
" မင်းက အဲ့လောက် ငိုင်နေတာကို မှန်းစမ်း ဘာတွေငေးစရာရှိလို့လဲ "
" ဟေ့ကောင် လာ လာ ရုံးခန်းထဲသွားမယ် "
Kim က Tae ကို ဆွဲခေါ်သွားသည် …" Kim ငါ့ကိုပြောစရာမရှိဘူးလား … "
Tae က မေးငေါ့ပြရင်း Kim ကို မေးလိုက်သည်
" အင်း … ဘာလို့အဲ့လိုမေးတာလဲ "
" မင်းက ငယ်ငယ်ထဲက ပေါင်းလာတဲ့ ငါ့သူငယ်ချင်းပါကွာ မင်းအကြောင်းတွေလည်း ငါသိနေတာပဲ … မင်း အခုတလော ဘာတွေဖြစ်နေလဲ "Kim သက်ပြင်းချလိုက်ပြီး …
" Copter က ငါ့ရင်ထဲက ကလေးပဲ … "
" ဘယ်ကလေး ?? "
Tae က စဉ်းစားပြီးမှ …
" မဟုတ်မှလွဲရော မင်း စောင့်ကြည့်ခဲ့တဲ့ …? "
" ဟုတ်တယ် အဲ့ကလေးပဲ "
" မင်း ဘယ်ချိန်ထဲက သိနေတာလဲ "
" သူ ပထမဆုံး audition ဝင်ကတည်းက … "Kimmon ဘက်က တိတ်ဆိတ်နေသလို Tae ကလည်း စကားမပြန်ဖြစ်တော့ …
Kim အနေနဲ့ ဘယ်လောက်ထိ ဒီကောင်လေးအပေါ် သံယောဇဉ်ရှိမှန်း
သူ အသိဆုံးမလို့ ငြိမ်သာနေလိုက်သည် …" ငါကိုယ်တိုင် ကလေးကို အချိန်ယူပြီး အေးဆေးပြောပြချင်တယ် … ဒါပေမယ့် ဒီအကြောင်းတွေကို သိတဲ့သူရှိနေတယ် "
" ဘယ်လို ငါနားမလည်ဘူး "
" ငါ့အဖေ အသိရဲ့ သားဆိုတဲ့ ချာတိတ်တစ်ယောက် သူက ငါ့ကိုသိထားပြီး trainee ဖြစ်ချင်တယ်လို့ တောင်းဆိုလာတယ် ငါဘယ်သူကိုမှ လက်လွတ်စပယ် လက်မခံခဲ့တာ မင်းသိတယ်မလား တစ်ကယ်လို့
ငါ သူ့ကို လက်မခံရင် …… "" သူမပြောခင် မင်းက ကြိုဖွင့်ပြောပေါ့ …
မင်း သေချာတယ်မလား မင်း ရင်ထဲရှိတာ မင်းသိတာပဲ မင်းကိုယ်တိုင်ပြောချင်ရင်
မင်း ပြောမှဖြစ်မယ် "
Tae က Kim ပခုံးကို ပုတ်ပြီးအားပေးလိုက်သည်
" ဒါပေမယ့် ငါ့ကို လက်မခံလောက်ဘူး "
" မဖြစ်သေးခင် မဖြစ်နိုင်ဘူး ပြောတာ မင်း မပီသလိုက်တာ ဘာကိုစိုးရိမ်နေတာလဲ "
" ငါ့ကို မုန်းသွားမှာ … "
Kimmon လေးပင်စွာ ပြောသည် …Tae ကပါသက်ပြင်းချလိုက်ပြီး …
" အဲ့ ခံစားချက်ကို ငါ နားလည်တယ် "
" အေး နေဦး … မင်းကိစ္စကရော ဘယ်လိုလဲ "
" ငါက အဲ့ဒါပြောချင်လို့လာတာ … မင်းက မင်းအပူနဲ့မင်းဖြစ်နေတော့ ဟာ ဟားး "
" ကဲ မင်းအလှည့် မင်းပြောတော့ ငါတို့အဖြစ်ကလည်းနော် ဟားး "
" မပြောတော့ဘူးဟေ့ ငါ ဘာလုပ်ရင်ကောင်းမလဲ မေးမလို့ အခု မင်းက မင်းကိုယ်တိုင် ဘာလုပ်ရမလဲ မသိဖြစ်နေတော့ ခက်ပြီကွာ "
ВЫ ЧИТАЕТЕ
❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )
Фанфик❄ ထက်ကောင်းကင်နှင့် ကမ္ဘာမြေကို သက်သေပြုလျက် ကျိန်ဆိုရဲ၏ ...... ❄ ❤ ရင်ခုန်သံတွေရပ်သွားသည့်တိုင် ကျွန်တော်တို့နှစ်ယောက် ချစ်နေဦးမည် ❤ #KimCop