😓 အထင်လွဲမှု 😔

644 75 28
                                    

" မင်း ကိုယ့်ကို ညာတယ် "
Kimmon စိတ်မပါတဲ့ အပြုံးတစ်ခုကို ပြုံးလျက်
" ဟေ့ကောင် ဘာပြောတာလဲ "
ဘေးနားက God က သူ့ပြောသည်အထင်နှင့် မေးနေပြန်တော့ ... ခေါင်းခါရင်းပင် Kimmon ပြန်ပြောလိုက်သည်
" ဘာမှမဟုတ်ဘူး ငါပြန်တော့မယ် မင်းတို့ရော "
" ဟေ မင်းကလည်း အခုမှစတာကို "
ငြိမ်နေသည့် Tae က ဝင်ပြောတော့သည်

" အင်း နေချင်နေခဲ့လေ ငါ အလုပ်တွေရှိသေးလို့ "
" ငါတို့နှစ်ယောက်ထဲ ပျင်းနေမှာပေါ့ မင်းကလည်းကွာ"
အစကတည်းက စိတ်ရှုပ်နေတာကို ဒီကောင်တွေ အာရုံနောက်ဦးမှာမလို့ Kimmon ဘာမှပြန်မပြောဘဲ လူကြားထဲ တိုးဝေ့ ထွက်လာလိုက်သည် ...

" ဟာ ဟေ့ကောင် စောင့်ဦးလေ ဟိတ် "
God ကအော်ရင်းလိုက်လာတော့ Tae ကပါ လူကြားထဲတိုးရင်း ကျွန်တော့်နောက် လိုက်လာသည်
" ကောင်မလေးတွေတော့ ပျင်းနေတော့မှာပဲကွာ
ငါမရှိတော့လေ "
God က လှည့်ကြည့်လှည့်ကြည့်နဲ့ ပြောလေတော့
" သံယောဇဉ်မပြတ်ရင် နေခဲ့လိုက်ပေါ့ကွာ "
Kimmon ဘုဆတ်ဆတ်ပဲ ပြန်ပြောလိုက်မိသည်
@ God ပြောတာတော့ ဟုတ်သလိုလို ပရိသတ်တွေ ရှဲကုန်ကြသည် သူတစ်ယောက်ထဲကြောင့်တော့ မဟုတ်ပါဘူး ငါ့ကြောင့်လည်းပါမှာပါကွာ @
Kimmon သူ့အတွေးနဲ့သူ ပြုံးမိတုန်း ...

" ငါ့ကြောင့်ပါကွာ မင်းတို့သိတဲ့အတိုင်း ငါကနာမည်ကြီးတယ်လေ "
Tae ရဲ့ မကျယ်တကျယ် အသံက ဝင်ပြောလေတော့ God နဲ့ Tae
အငြင်းအခုန် ဖြစ်ကြရင်း Kimmon အတွေးတွေပျောက်ကုန်သည် ...

အလုပ်ခန်းထဲထိုင်နေတော့လည်း စိတ်မပါ computer ကိုင်ဖို့ကြိုးစားပြန်တော့လည်း ဘေးနားက ဖုန်းကိုသာစိတ်ရောက် ကြည့်ချင်လွန်းတဲ့ youtube ကိုဖွင့်မိတော့ မျှော်မိတဲ့ ကောင်လေးရဲ့ video အသစ်မရှိ အဟောင်းလေးတွေပြန်ကြည့်ရင်း comment ဘက်ကို ဆွဲကြည့်မိတော့ နောက်ဆုံးတင်ခဲ့တဲ့ video အောက်က ကောင်လေးရဲ့ reply ......
"ကျွန်တော် ကျောင်းပွဲမှာ ရှိနေမယ် "

Kimmon ရယ်လိုက်မိသည် ......
" မင်း ကိုယ့်ကိုအထင်သေးတာလား ဘာလားတော့မသိပေမယ့် ကိုယ့်ကို
မင်းရဲ့ fan တစ်ယောက်အနေနဲ့တော့ လေးစားသင့်တယ်ထင်တာပဲ ...
ကိုယ်က မင်းအသံကို အလွတ်ရနေတဲ့ကောင်ပါကွာ ဘာလို့ ကျောင်းရဲ့စင်ပေါ်မှာ မင်းရှိနေမယ်လို့ ညာရတာလဲ ကိုယ် မျှော်လင့်ချက်တွေကို အလေးမထားတဲ့ မင်းကို စိတ်တော့ဆိုးမိသား "

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Opowieści tętniące życiem. Odkryj je teraz