မားက လက်ဒဏ်ရာကို စိတ်ပူပြီး ဆေးခန်းသွားမယ် အတင်းပြောပေမယ့်
Copter မသွား ..." ပတ်တီးနဲ့ကျကျနန စည်းထားပြီး ဆေးလည်းထည့်ထားတယ် မား ဘာမှမဖြစ်ဘူး ကောင်းသွားလိမ့်မယ် "
" နမော်နမဲ့နဲ့ ဘယ်လိုလုပ် အပူလောင်တာလဲ "
အစ်မတွေကပါ မနေနိုင် ဝင်ပြောတော့သည် ...
" ပူနေတာကို မသိဘဲ ဆွဲယူမိလိုက်လို့ပါ ...
အရမ်းလောင်သွားတာမဟုတ်ဘူး ပူရုံလေးပဲ "Copter ဆက်နေရင် ပြောလို့မပြီးဖြစ်တော့မှာမလို့
အိပ်တော့မယ် ဆိုပြီး အပေါ်ထပ်ကို ပြေးတက် အခန်းထဲ ပြေးဝင်ရသည် ... ဒါတောင် ထမင်းစားပြီးမှ အိပ်ဖို့ အော်နေလို့ ရေချိုးပြီး ထမင်းဝင်စားရသေး ..." လက်ရော အဆင်ပြေလား ဘယ်လိုနေသေးလဲ "
အိပ်တော့မယ်ကြံတုန်း ဝင်လာတဲ့ msg ကို
Copter reply လိုက်သည် ...
" ဟုတ် အဆင်ပြေပါတယ် "
" ဂရုစိုက်နော် ထပ် မထိခိုက်စေနဲ့ ... "
" ဟုတ် ... "
" ဒါဆို good night ... sweet dream "
" အစ်ကိုရောပဲ ... "Kimmon မျက်လုံးများ မှိတ်လိုက်သော်လည်း အိပ်မပျော် ကြည်နူးလို့လား ဒါမှမဟုတ် ရှေ့ကို ကြိုတွေးပူနေတာလား ... ဒီ အခြေအနေလေးကို ပျော်ပေမယ့် လောဘကို လျစ်လျူမရှုနိုင် ...
@ ကိုယ် ဘယ်လိုလုပ်သင့်လဲ ကလေးရာ @🍃🍂
" ညီ ကားပေါ်တက်လေ ... "
မနက်အိပ်ရာထတာ နောက်ကျသွားလို့
ပေါင်မုန့်တစ်ချပ် ပါးစပ်ကကိုက်ထားရင်း ပြေးထွက်လာတဲ့ Copter ... ကားတစ်စီးနဲ့ စောင့်နေတဲ့ Kimmon အသံကိုကြားလိုက်တော့
" ဟာ ... ဘယ်လိုလုပ် "'
ပေါင်မုန့်လေး ပြုတ်ကျသွားသည် ..." အဲ ပေါင်မုန့် ... ဟားးး "
Kimmon သူ့ကိုမြင်ပြီး လန့်သွားတဲ့ Copter ပုံလေးကို ကြည့်ရင်း ရယ်မိသွားသည် ပေါင်မုန့်ပါ ပြုတ်ကျသွားပြီဆိုတော့ သူ့ကို ဘယ်လိုတွေ စွာတော့မလဲ စောင့်နေမိပြီ ..." sorry ! ကြိုမပြောမိဘဲ ရောက်နေလို့ ...
အိပ်ပုတ်လေး ကိုယ်ရောက်နေတာကြာပြီ "
Kimmon ပြောရင်း ကားပေါ်တက်ဖို့ အချက်ပြသလို ဘေးနားက ခုံဘက် ခေါင်းလေးစောင်းပြလိုက်သည်
Copter လည်းဝင်ထိုင်လိုက်ပြီး ...
" ဟို အစ်ကိုက ဘယ်လိုလုပ် ကျွန်တော့်အိမ်ကို သိတာလဲ ... အိမ်ရှေ့တည့်တည့်ကို ရောက်လာတာပဲ "
" အရင်ကတည်းက ရောက်နေကျပဲ ဘာဆန်းလို့လဲ "
![](https://img.wattpad.com/cover/124335550-288-k863816.jpg)
BẠN ĐANG ĐỌC
❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )
Fanfiction❄ ထက်ကောင်းကင်နှင့် ကမ္ဘာမြေကို သက်သေပြုလျက် ကျိန်ဆိုရဲ၏ ...... ❄ ❤ ရင်ခုန်သံတွေရပ်သွားသည့်တိုင် ကျွန်တော်တို့နှစ်ယောက် ချစ်နေဦးမည် ❤ #KimCop