😯ဂရုစိုက်မှု😯

396 46 7
                                    

@ သူပြောလည်း ပြောစရာပါပဲလေ ကိုယ့်လက်အပူလောင်တာထား လောင်တာတောင် မသိအောင် ငါ ဒေါသထွက်နေခဲ့တာ ဒီလူကြီး တော်တော် မျက်စိလျင်တာပဲ … @
" အားးးး နာလိုက်တာဗျာ … "
" တော်သေးတာပေါ့ နာမှန်းသိလို့ ဒီလောက်ပြောနေတာတောင် ဘာတွေ အတွေးလွန်နေတာလဲ "
Kimmon က အော်သံပါတယ်ဆိုရုံ ပြောလိုက်တော့

" ကျွန်တော် တောင်းပန်ပါတယ် … ဒေါသမထိန်းနိုင်တာနဲ့ "
" မင်း လက်ကို အရင်ဂရုစိုက် ပြီးမှ
ကိုယ် ဆူတာခံပေါ့ ဟုတ်ပြီလား …… "
" ဟင် ခုနက ဆူပြီးပြီမလား "
မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်နေသော ကလေးကို ကြည့်ပြီး ရယ်ချင်သော်ညား Kimmon မျက်နှာတည်ဖြင့် ……

" အဲ့လောက်နဲ့ ပြီးမယ် ထင်နေတာလား "
" မထင်ပါဘူး ဟို ကျွန်တော့်ကို တွေ့သမျှနဲ့ ကောက်ပေါက်ပြီး ထိုးတော့မယ် ထင်ခဲ့ပေမယ့်
အနာကို ဆေးပါထည့်ပေးနေတော့ ဘာပြောရမှန်းတောင်မသိတော့ဘူး "
" အင်း ဘာဖြစ်တာလဲ အရင်ပြောပြမလား ကိုယ်က အကြောင်းမသိဘဲ ပြောတာမျိုးမဖြစ်ချင်ဘူး "

" ကျောင်းက ကောင်တစ်ကောင်ပါ အမြဲ ပြသာနာရှာနေကြ … အခုလည်း ဘလိုင်းကြီး လာစွနေလို့ ပြီးတော့ ကျွန်တော် သည်းခံပါသေးတယ် ဒါပေမယ့်  … "
Copter ပြောရင်း လက်သီးနှစ်ဖက်ကို ဆုတ်ထားသည် .....
" ဒီကောင်က လွန်လွန်းတယ်  ……"
@ ပြီးတော့ အစ်ကို နဲ့ ပထမဆုံးတွေ့ရဖို့ကို
သူ ဝင်နှောက်ခဲ့တာ …… @
မသိစိတ်က စကားတစ်ခွန်းကို Copter ထည့်မပြော …

" အင်း ဟုတ်ပြီ ဒါပေမယ့် စိတ်လက်မာန်ပါတော့ နောက်မဖြစ်စေနဲ့လေ trainee တွေဆိုတာ စည်းကမ်းချက်တွေကို လိုက်နာရဆုံးလူတွေ ပထမဆုံနေ့မှာ ဒီလိုဖြစ်တော့ မကောင်းဘူး …
ပြီးတော့ အပြင်လူနဲ့ဆိုတော့ ပိုဆိုးတယ် … "
" ဒါနဲ့ အဲ့ကောင်နဲ့ CEO က သိလား … သိတာကြာပြီလား ဘယ်တုန်းကသိတာလဲ "

@ သြော် … အေး ဒီက ဆုံးမသြဝါဒခြွေနေတာကို သူက ဖြတ်ပြီး မေးချင်တာမေးနေတယ် … @
Kimmon သူ့ဘက်ကို လှည့်ပြီး သိချင်စိတ်များနေတဲ့ ကောင်လေးကို ကြည့်ပြီး သူပဲ စိတ်လျှော့လိုက်တယ် …
" ကိုယ့် အဖေ သူငယ်ချင်းရဲ့ သား တဲ့ ဒီနေ့ ရုတ်တရက် ရောက်ချလာတော့မှ သိတာပါ "
" အင်း … ပြီးတာပဲ "
" ဒါနဲ့ ဘာလို့ ညီ့ကို ပြသာနာရှာနေရတာလဲ … "
" သူ့ဘာသာ အသားလွတ် J နေတာပါဗျာ ကျွန်တော်လည်း ဘာမှမလုပ်ဘူး "
" အင်း နောက်သတိထားပေါ့ … "

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Nơi câu chuyện tồn tại. Hãy khám phá bây giờ