😒စိုးရိမ်ပူပန်မှု😒

420 43 7
                                    

" စောစောလာဖို့မမေ့နဲ့နော် စောင့်နေမယ် "
မိုးတောင်မလင်းသေး ရောက်နေသော
msg ကြောင့် Copter ပိုလို့တောင် ပျင်းသွားသည် … သူ့ကို msg ပို့နေကျလူနဲ့
CEO ဟာ တစ်ယောက်ထဲလို့ သိပြီးကတည်းက စိတ်ထဲတစ်မျိုးဖြစ် … မတတ်နိုင်ဘူး အလုပ်လုပ်ရမှာပဲ … ပျင်းလို့မဖြစ်
ကိုယ့်ကိုကိုယ် အားပေးရင်းပင် အိပ်ယာမှ ထလိုက်သည် ……

" မား … သား သွားပြီနော် "
" အေး သားလေး ဂရုစိုက်သွားနော် "
မားကို နှုတ်ဆက်ပြီး Copter အိမ်ကထွက်လာသည် Tee နဲ့ Bas က ကိစ္စရှိလို့ မလာအားတော့ တစ်ယောက်ထဲပဲ ပထမဆုံး company ကို ချီတက်ရတော့သည် …

" ကျွန်တော်ရောက်ပြီ …… "
မနက်ကတည်းက company ကို အစောကြီးရောက်နေပြီး လက်ထဲ ဖုန်းတကိုင်ကိုင် ဖြစ်နေတဲ့ Kimmon တစ်ယောက် msg ဝင်လာတော့မှ ပြုံးတော့သည် …
" အပေါ်တက်လာခဲ့လေ … "
စာပြန်ပို့ပြီး ထိုင်ခုံမှာ ကျကျနန ထိုင်နေလိုက်သည်

" ဟုတ် CEO က ခေါ်ထားလို့ပါ … "
အတွင်းရေးမှူးလေးကို Copter ပြောပြလိုက်တော့ …
" အထဲဝင်သွားလို့ရပါတယ် ညီလေး …
Copter ဆိုလား ဟုတ်တယ်နော် "
" ဟုတ်ပါတယ် … "

ဒေါက် ဒေါက် ……
" ဝင်လာပါ … "
Kimmon အသံပြုလိုက်သည် …
" အချိန်မှန်သားပဲ ညီ … "
" ဟုတ် မိုးမလင်းခင် ရောက်လာတဲ့ msg ကြောင့် ကျွန်တော်လည်း စောစောနိုးပါတယ် "
Kimmon သူပို့တဲ့ msg ကို ပြောမှန်းသိတော့
ပြုံးပြီး ဆိုဖာခုံတွေကို မေးငေါ့ပြလိုက်သည် …
ဒီတော့မှ မတ်တပ်ရပ်နေတဲ့ Copter က ဝင်ထိုင်လေသည် ….

" Breakfast ? "
" ဟုတ် စားလာခဲ့ပါပြီ …… "
" အင်း ဒါဆို စာချုပ်ရော အဆင်မပြေတာရှိလား"
" မရှိပါဘူး မိဘတွေ လက်မှတ်လည်း ရလာပါပြီ "
" ဟုတ်ပြီ ဒါဆို ရှေ့လျှောက် လက်တွဲတာပေါ့
Kim ent မှ ကြိုဆိုပါတယ် … ညီ "
ကမ်းလာတဲ့ လက်တစ်ဖက်ကို Copter ပြန်ဆုပ်ကိုင်ရင်း ပြုံးပြလိုက်သည် …

" ဒါဆို အခန်းတွေ လိုက်ပြမယ်လေ …  အောက်ထပ်ဆင်းကြတာပေါ့ … "
Copter ခေါင်းညိမ့်လိုက်ပြီး Kimmon နောက်ကို လိုက်သွားသည် … ဒီလိုနဲ့ အခန်းတွေကို လိုက်ပြပြီး vocal room ထဲမှာ Copter ကိုလေ့ကျင့်ဖို့မှာရင်း Kimmon က ဆရာနဲ့ မိတ်ဆက်ပေးလေသည် …

❤ သို့ ......... ရင်ခုန်သံ ❤ ( Hiatus )Hikayelerin yaşadığı yer. Şimdi keşfedin