အခန္​း-၂၈

6K 513 68
                                    


သူလည်း အင်္ကျ ီကို ချွတ်ရင်း ရေချိုး ဖို့ တဘက်ပါ ယူလိုက်တယ်။

'ခဏစောင့်ဦး လာခဲ့မယ်..´

လို့ ပြောပြီး ကျော်ဟန်က အခန်းထဲက ပြေးထွက်သွားတယ်။

သူလည်း ရေချိုးခန်းရောက်တော့ ရေအမြန်လောင်းချိုးလိုက်တယ်။အေးစက်နေတဲ့ ကန်ရေက စောစောက ချွေးထွက်ထားလို့ ပူနေတာတွေ အကုန် ပျောက်သွားစေတယ်။သူ လည်း ဆပ်ပြာ တိုက်နေရော ကျော်ဟန် ရေချိုးခန်းထဲ ဝင်လာတယ်။စောစောက ဘောလုံး ဘောင်းဘီတိုအဖြူ ကို ဝတ်ထားတုန်း။သူ ဘေးနားရောက်လာပြီး သူ့ ရေပုံးကို ဘေးချလိုက်တယ်။
သူ့ကို ပြုံးပြရင်း ရေစလောင်း ချိုးတယ်။
သူ ကျော်ဟန်ရဲ့ ရင်အုပ်ကျယ်ကျယ်ကို အမှတ်မထင် ကြည့်မိတယ်။လက်မောင်းတွေလည်း တအားကြီး တုတ်နေတာမျိုး မဟုတ်ဘဲ ကျစ်ကျစ်လစ်လစ်နဲ့။သူ့ ဗိုက်ကလည်း ချပ်ရပ်နေပြီး ကြွက်သားမြှောင်းရာ တွေကခပ်ရေးရေးပေါ်နေပြီ။

'မင်း ဂျမ် ကစားတယ်ပေါ့
Six packs တောင် ထွက်တော့မယ်.´

'အွန်း..ကစားတယ်လေ
ခုမှ နားထားတာ´

ကျော်ဟန်က မျက်နှာသစ်ဆေးကို မျက်နှာပေါ်လိုက်ပွတ်ရင်း ပြန်ဖြေတယ်။သူလည်း
ကိုယ့်ဗိုက်က အဆီထွက်စပြုနေတဲ့ ဗိုက်ခေါက်လေးကို ဆွဲကြည့်ရင်း စိတ်ဓာတ်ကျသွားတယ်။
သူ့ဗိုက်ခေါက်က သိပ်မသိသာသေးပေမဲ့လည်း။
လောကကြီးက မတရားဘူးလို့ တွေးမိတယ်။
ဘာမှလည်းမဆိုင်ဘဲ ကျော်ဟန့်ကို
မနာလိုဖြစ်သွားတယ်။

ဘေးက ရေထည့်ထားတဲ့ပုံးနဲ့ ကုန်းပြီး ခြေထောက်က ကြေး တွန်းနေတဲ့ ကျော်ဟန့်
ခေါင်းပေါ်ကနေ လောင်းချလိုက်တယ်။ဆတ်ခနဲ အေးသွားလို့ ကျော်ဟန်က ခေါင်းမော့လာတယ်။

'ဟာဗျာ..ခေါင်းထပ်လျှော်ရတော့မယ်´

သူလည်း သူမဟုတ်သလို ပုံဖမ်းရင်း ပုဆိုးအမြန်လဲပြီး အခန်းပြန်လာလိုက်တယ်။ရေခြောက်အောင် သုတ်ပြီးတော့ သူကုတင်ပေါ်မှာ လှဲနေတုန်း ကျော်ဟန်ဝင်လာတယ်။

'ခေါင်းကို ဒရိုင်ယာ မှုတ်ပေးဦး..´

'ကိုယ့်ဘာသာလုပ်လေ..အောက်က..ခြင်းထဲမှာရှိတယ်´

My Manly BrotherWhere stories live. Discover now