အခန္​း-၄၇

5.5K 490 72
                                    

၄၇

'သားကြီး..မင်း အဲ့ကောင်လေးနဲ့ ပြတ်နိုင်မယ်
ဆိုရင် အိမ်ပြန်လာခဲ့ပါ...အမေ့သားက
ယောကျာ်းတစ်ယောက်နဲ့ ချစ်သူ ဖြစ်နေတယ်ဆို
တာ အမေ မယုံကြည်နိုင်ဘူး...ပြီး...
လက်ထပ်မယ်ဆိုတာ ကိုလည်း အမေမယုံ
နိုင်ဘူး...'

တစ်ဖက်က စကားသံတွေ တိတ်သွားပြီး
ရှိုက်ငိုသံ သဲ့သဲ့ ထွက်လာတယ်။

'အမေရယ်...သားလည်း...သူ့ကို တစ်ကယ်
ချစ်တာပါ...ပြီးတော့ ဒီလို လိင်တူကြိုက်တယ်
ဆိုတာကြီးက အတင်းပြောင်းလဲပစ်လို့ ရတာ
မှ မဟုတ်တာ...'

သို့ပေမဲ့ တစ်ဖက်က ဘာမှ မဖြေတော့ဘဲ
တ တူတူ ဖုန်းချ သွားသံသာ.ကြားရတော့တယ်။

မျက်ရည်ပေါက်အချို့ လိမ့်ဆင်းလာရင်း လက်ထဲ
ဆမ်ဆောင်း Note လေးက လွတ်ကျသွားတယ်။

ဘေးက ကျော်ဟန်က လဲပြိုစပြုနေတဲ့ သူ့ကို
သိမ်းကျူံ းပွေ့ဖက်ရင်း ရင်ခွင်ကျယ်ကြီးထဲ
ထည့်ထားလိုက်တယ်။ ခေါင်းထဲမှာ အတွေး
တို့သည် ယောက်ယှက်ခတ် လျက်။ အမေ့
ငိုကြွေးသံနဲ့ အဖေ့ ဒေါသတကြီး ပြစ်တင်သံ
တို့က ပြန်ကြားယောင်လာတယ်။

ကျောင်းက ဘယ်သူ သူ့အိမ်ကို သူ ကျော်ဟန်
နဲ့ ကြိုက်နေတာ ပြောလိုက်လဲ သူမသိ။အမေ
တို့ သိသွားတဲ့ အကျိူ းဆက်က တားမြစ်ခြင်း။
ဒီ ပုံမှန် မဟုတ်တဲ့ ဟာကြီး သားမှာ ဖြစ်နေတာ
ကို လက်မခံနိုင်။သားဖို့  သဘောတူထားတဲ့
ကောင်မလေးတောင် ရှိနေပြီကို သား ဒီလို
မဖြစ်ရဘူးတဲ့။ အကြိမ်ြကိမ် အခါခါ ဖူန်းပြော
ပြီးနောက်မှာတော့ အမေတို့ သူ့ကို လက်မခံ
နိုင်ဆိုတာ သူသိလိုက်တယ်။ ကျော်ဟန်ကို
သူ မခွဲနိုင်။ ထားလည်း မထားခဲ့နိုင်ဘူး။
သူ့ ပျော်ရွှင်မှု ကလည်း သူ့အတွက် အရေး
ကြီးတယ်။ အမေတို့ကို ချစ်ပါတယ်။ အမေတို့
ရဲ့ ကိုယ့်သိက္ခာကိုယ် စဉ်းစားတာတွေ ကို
တော့ သား မချစ်နိုင်ဘူး။ဒီဘဝမှာ သားမိုက်
အဖြစ်ခံလိုက်တော့မယ်။ ချစ်တဲ့ သူနဲ့ ကွေကွင်း
ရခြင်း ဒုက္ခကို သူ မခံစားချင်ဘူး။ တစ်ဘဝစာ
တော့ ချစ်ခြင်းဖြင့် အသက်ဆက်ပါရစေ။

ဖုန်း တုန်ခါသံကြောင့် ကျော်ဟန်က ထုတ်
ကိုင်လိုက်တယ်။ခေါ်ဆိုသူ မှာ ပေါ်နေတဲ့ အမည်က သူ့ ညီမလေး စုဟန်ညိမ်း။

My Manly BrotherOnde histórias criam vida. Descubra agora