အခန္​း-၄၄

5.2K 474 49
                                    

'' အစ်ကို့...''

''အေး...ပြော..''

''အောက်မှာ တပည့်လေးက စာအုပ်ကျန်နေ
တာ လာပြန်ပေးနေလို့ သွား ယူပေးပါလား..''

ရေချိုးခန်းကနေ လှမ်းအော်ပြောတဲ့ ကျော်ဟန်
့စကားကြောင့် သူလည်း ယူပေးမယ် ပြန်ပြော
ရင်း အောက်ဆင်းလိုက်တယ်။

မဟာမြိုင်မှာ ကျော်ဟန်အမေက
တိုက်ခန်းဝယ်ပြီးနောက်ပို်င်း သူတို့နှစ်ယောက်
လုံး ဒီမှာ နေဖြစ်ကြတယ်။ မနက်ကျောင်းသွား
လည်း ကျော်ဟန် ဆွစ်ဖ်အပြာလေး နဲ့ သွား
ရင်သွား မသွားရင် သူ့ ကလစ်နက်ပြာ စီးသွား။
ကျောင်းရောက်တော့ ကိုယ့်အတန်းကိုယ်တက်။
နေ့လယ်စာ ကျောင်းကန်တင်းမှာ စားရင်စား
မစားရင် အနီးနားက ဆိုင်တွေ ပတ်စားကြတယ်။

ညနေ ၄ နာရီဆို သူ က တိုက်ခန်းပြန်ပြီး နားတော့တာပဲ။ ကျော်ဟန်ကတော့ သင်လက်စ ဂိုက်တစ်ခု ကျန်နေသေးတာမလို့ ညနေဆို ဆိုင်ကယ်စီးပြီး လမ်း ၈၀ ဘက်သွားရတယ်။ခုလည်း သူ ဂိုက်သင်ရတဲ့ တရုတ်ကလေး အိမ်မှာ သူ့ ကျောင်းစာအုပ်ကျန်ခဲ့ပုံပဲ။ ဒါကို တပည့်တရုတ်လေးက လာပေးတာဖြစ်ရမယ်။

သူ အောက်ဆင်းသွားတော့ တိုက်တန်းရှေ့မှာ
မက်စ်အိတ်ချ် အဖြူ တစ်စီး ရပ်ထားတာတွေ့
ရတယ်။ ကားနားမှာက အသားဖြူ ဖြူ အရပ်
မြင့်မြင့် ခပ်ပိန်ပိန် ကောင်လေးတစ်ယောက်
ရပ်နေတယ်။ သူ့ကိုတွေ့တော့ အနားလျှောက်
လာတယ်။ မျက်နှာက လူပျိုဖော်ဝင်စ ကလေး
ရုပ်လေး နဲ့ အတော် ချစ်စရာ ကောင်းတယ်။
တရုတ်ဆိုသည့်အတိုင်း ခပ်မှေးမှေး မျက်လုံး
တွေနဲ့ ဖြစ်တယ်။ ဆယ်တန်းဆိုတော့ အသက်က သူ့လို အိုကြီးအိုမ များတက်သည့်ကျောင်းရဲ့
နောက်ဆုံးနှစ်ထက်တော့ အပုံကြီးငယ်နေသည်။

' ဟို...အစ်ကို...ရော...မသိဘူး..''

ထိုကောင်လေးက သူ့ကို စပ်စုဟန်ဖြင့်မေးတယ်။

'အော်...နေဘုန်းခ ထင်တယ်....ကျော်မင်းဟန်
က အစ်ကို့ သူငယ်ချင်းပါ..သူ ခု ရေချိုးနေလို့
မဆင်းလာနိုင်ဘူးလေ...အဲ့တာကြောင့်
အစ်ကိုက အစားလာဆင်းယူပေးတာ...ပေးခဲ့
လိုက်လေ..'

My Manly BrotherDonde viven las historias. Descúbrelo ahora