အခန္​း-၄၃

7.1K 464 74
                                    


အခန်း...၄၃

သောကြာညနေမှာတော့ စီစဉ်ထားတဲ့ အတိုင်း
ကျောပိုးအိတ်ကိုယ်စီနဲ့ ကျွဲဆန်ကည်ကားကွင်း
ရောက်နေပြီ။ ညနေ ၅ နာရီထဲက ရောက်နေတာနလို့ ၆ နာရီထွက်မယ့်ကားကို အတော်ကြာစောင့်လိုက်ရသေးတယ်။ ' မြတ်မန္တလာထွန်း´ အိတ်စ်ပရက်နဲ့ ရန်ကုန်သွားကြမယ်။ပြီးတော့ ရန်ကုန်ကျမှ ကားပြောင်းစီးပြီး ငွေဆောင်ထိ လှိမ့်ကြမယ်လို့ စီစဉ်ထားတယ်။ကြားထဲမှာ ပြောင်းစီးဖို့ကားလည်း
ဖြတ်ထားပြီး သားမလို့ အောင်မင်္ဂလာကားကွင်းမှာ အလွန်ဆုံးစောင့်ရ တစ်နာရီပဲလို့ တွက်ထားတယ်။ အပြန်ကိုတော့ ငွေဆောင်ကနေ ပုသိမ်ထိ ကားငှါးသွားဖို့ ဆုံးဖြတ်တယ်။ပုသိမ်ကနေ မန္တလေးကိုတော့ တိုက်ရိုက်ပြန်မယ့် ကားလက်မှတ် ဖြတ်မယ်ပေါ့။စီစဉ်ထားသမျှ ကတော့ နေရာကျနေတာပဲ။

ကားပေါ်ရောက်တာနဲ့ နေမင်းကတော့ မူးတတ်တာမလို့ အိပ်ဖို့ ကြိုးစားတော့တယ်။ကျော်ဟန်က ဘီဆစ်လို့ခေါ်တဲ့ အမူးပြေဆေးတစ်လုံးနဲ့ ရေဘူးကမ်းပေးတယ်။သူလည်း မော့သောက်လိုက်ပြီး နောက်မှီမှာ မှီအိပ်ရင်း မျက်လုံးမှိတ်ထားလိုက်တယ်။ခဏနေတော့ ကားရွေ့ လျားနေတာကို ခံစားရတယ်။ခဏနေတော့ ရပ်သွားပြန်တယ်။မီးပွိုင့်မိနေပုံရတယ်။ ချမ်းစိမ့်စိမ်အဲကွန်းကြောင့် ကု်ိယ်ကိုကြုံ့ ရင်းခြေထောက်ကို နည်းနည်းလှုပ်နေမိတယ်။

မကြာခင် သူလည်း အိပ်မက်နယ်မြေထဲပြုတ်ကျသွားတယ်။သူမ သိတာက နောက်မှီနေရင်းကနေ ယိုင်နဲ့ပြီး ဘေးက လူအပေါ် သွားသွား မှှီနေတယ် ဆိုတာပဲ။ ပုခုံးကို မှီအိပ်နေတဲ့ သူကို ကျော်ဟန်က မတွန်းဖယ်ဘဲ ခွင့်ပြုထားလိုက်တယ်။သူကိုယ်တိုင်ကတော့ ဘေးကလူကြီး နိုးသွားမှာစိုးလို့ သိပ်မလှုပ်ရဲဘူး။ တစ်လျှောက်လုံး မှီ အိပ်လာလိုက်တာ မိတ္ထီလာရောက်တော့မှ အိပ်မှုန်စံမွှားနိုးလာတယ်။သူကတော့ သံပုရည်တစ်ခွက်သာ သောက်ပေမဲ့ ကျော်ဟန်ကတော့ ဗိုက်ဆာနေလို့ ထမင်းစားတယ်။

အောင်မင်္ဂလာကားကွင်းရောက်တော့လည်း
အိပ်ချင်မူးတူးနဲ့ စောင့်နေရပြန်တယ်။ သူ့စိတ်ထင် သိပ်မကြာဘူး ငွေဆောင်သွားမယ့် ကားပေါ် ဆက်တက်လိုက်ရတယ်။ ဒီအခါမှပဲ လွတ်လွတ်လပ်လပ် တစ်ချို းတည်းအိပ်တော့တယ်။ဘေးက ကျော်ဟန်ကတော့ တစ်ရူးယူပြီး အိပ်ပျော်ရင်း သရေကျတတ်သူကို သုတ်ပေးနေလေရဲ့။

My Manly BrotherWhere stories live. Discover now