အခန္​း-၂၉

5.9K 455 10
                                    

'ဟဲလို..ကိုလင်း´

'ညီ....´

'ကိုယ် ပြောထားတာ..စဉ်းစားပြီးပြီလား´

'အကို့ .ဆောရီးပါ...ညီ့ မှာ အစ်ကို့အတွက်
ခံစားချက် မဖြစ်သေးလို့ပါ..အစ်ကို တစ်ယောက်လိုပဲ သဘောထားလို့ရတယ်..´

'သြော် ညီရယ်.... ဘယ်လိုပဲဖြစ်ဖြစ်..
.အကို စောင့်နေမယ်...
ရတယ်မလား  ညီ´

'ဟို...ကျတော်..´

ခဏနေတော့ ဖုန်းချလိုက်တယ်။သက်ပြင်းချမိတယ်။ရှေ့ကို အကြောင်းမဲ့ ငေးရင်း ခုတစ်လောဖြစ်နေတာတွေ တွေးမိနေတယ်။ သုတ
ကောင်မလေးရသွားလို့ သူ ပိုးစိုးပက်စက် အသည်းကွဲမယ်တောင် ကိုယ့်ဘာသာ ထင်နေခဲ့ပေမဲ့ တစ်ပတ်ကြာတော့ စိတ်ထဲ ဘာမှ သိပ်မရှိတော့လို့ ကိုယ့်ကိုကိုယ်တောင် အံသြမိတယ်။သူက မေ့လွယ်ပျောက်လွယ်လူမျိုးပဲ။
ဟုတ်တော့ ဟုတ်တယ် သူ လူတစ်ယောက်ကို
ကြာကြာမမုန်းတတ်ဘူး။မုန်းလည်း မမုန်းချင်ဘူး။သူနဲ့ မတည့်တဲ့ သူငယ်ချင်းတွေ ရှိပေမဲ့လည်း မမုန်းမိဘူး။ကိုယ့်လမ်းကိုယ်လျှောက်တာလို့ပဲ တွေးမိတယ်။ဘယ်လောက်ကြီးတဲ့ အဖြစ်ပျက် ဖြစ်ပါစေ သူ့ရင်ထဲ ကြာကြာမခံဘူး။ရက်နည်းနည်းကြာရင် မေ့သွားတတ်တယ်။ရက်နည်းနည်းတွင်း ပြန်အဆင်ပြေသွားရတာ ကျော်ဟန့်ုကြောင့်လည်း ပါမယ်ထင်တယ်။ညတိုင်း သူ့ဆီလာတယ်။သူစာကျက်
ရင် ဒီကောင်က သူ့ဘာသူ စာငြိမ်ြငိမ်ပဲ ထိုင်ဖတ် နေတယ်။သူပျင်းလို့ ပေါက်တက်ကရ
ညည်းရင်လည်း နားထောင်ပေးတယ်။သူ့ဆီက မှတ်ချက် တစ်စုံတစ်ရာ ကြားရခဲပေမဲ့ သူအာလူးဖုတ်သမျှ နားထောင်ပေးတာ ကျော်ဟန်ပဲရှိသလိုပဲ။ညရောက်လို့ သူ့အခန်း ကျော်ဟန်မလာမှာတောင် စိုးရိမ်နေသလိုလို။ပြီးတော့ ဟိုဘက်တစ်နေ့က နပန်းဆော့ရင်းက သူ့နား ကျော်ဟန့် မျက်နှာကပ်လာချိန် သူရင်တွေ တဒုတ်ဒုတ်အခုန် မြန်လာပြီး အသက်ရှုမဝချင်
သလို ဖြစ်လာတာကြီးက...
မဖြစ်နိုင်ပါဘူး..ကျော်ဟန့်ကို ကြိုက်နေတာ။
လုံးဝ မဖြစ်နိုင်ဘူး...

'ဟျောင့် ဘာလာငေးနေတာလဲ´

သူ့ရှေ့မှာ ထိုင်နေတဲ့ ဇော်နိုင်က စာအုပ်နဲ့ ခေါင်းကို လှမ်းရိုက်တယ်။

My Manly BrotherWhere stories live. Discover now