အခန်း-၁၆

6.3K 505 88
                                    

Unicode

ဟျောင့်.. ဘာလုပ်နေတာလဲ ပန်းကန်တွေ
ဒယ်အိုးတွေနဲ့...´

ကျော်မင်းဟန် အခန်းထဲ ဝင်လိုက်ရင်ပဲ တစ်ယောက်တည်း အိုးတွေ ပန်းကန်တွေနဲ့ အလုပ်ရှုပ်နေတဲ့ ကျော်မင်းဟန်ကို တွေ့လိုက်ရတယ်။
ကျော်မင်းဟန်က ဝင်လာတဲ့ သူ့ကို ပြုံးပြရင်း
ပြောတယ်။ကျော်မင်းဟန် ခုတစ်လော
သူ့မြင်ရင် အမြဲ ပြုံး ပြနေသလိုပဲ။

'ခဏထိုင်စောင့် ဦး..
မုန့်လုပ်ထားတာ ကျွေးမယ်...
ခေါက်ဆွဲကြော်..´

'ခေါက်ဆွဲကြော်..ဝိုး..ငါ အကြိုက်ဆုံးပဲ´

သူခေါက်ဆွဲကြော်စားရတာ အတော်ကြိုက်တယ်။တစ်ခါလေ တစ်နေ့လုံး ခေါက်ဆွဲပဲ စား
နေတဲ့ နေ့တွေ ရှိတယ်။မနက် ရှမ်းခေါက်ဆွဲ။
နေ့လယ် ရွှေတောင် ခေါက်ဆွဲသုပ်။ညနေ
တုံယမ်း ခေါက်ဆွဲကြော် စားနေတဲ့ အခါတောင် ရှိတယ်။စောစောက ကျော်မင်းဟန်က ညစာ
သူမုန့်လုပ်ထားတာ လာစားဦးဆိုတော့
ဘာများလဲလို့။သူကြိုက်တဲ့ ခေါက်ဆွဲကြော်ဟ။
ကျော်မင်းဟန် မလို့ အချက်ပြုတ်လုပ်တတ်တယ်။သူဆို ခေါက်ဆွဲလောက်ပြုတ် တတ်တာ
ကော်ဖီ မစ်ထုပ် ဖောက်ထည့်ထားတာလောက်ရတာ။

သူလည်း ကျော်မင်းဟန် ကုတင်ပေါ်ခုန်တက်လိုက်တယ်။သူ့မွေ့ယာကြီးက အထူကြီးမလို့ တက်ခုန်ရတာ အတော်ကောင်းတယ်။လွယ်အိတ်ကို ဘေးကို ပစ်လိုက်ရင်း အိပ်ရာပေါ် လှဲချလိုက်တယ်။

ဘေးက အလုပ်ရှုပ်နေတဲ့ ကျော်မင်းဟန်က ဘောင်းဘီတို အနက်ရောင်လေး ဝတ်ထားတယ်။စွပ်ကျယ် အဖြူ ရောင် ဂျိုင်းပြတ် ဝတ်ထားတယ်။သူ့ဆံပင် ခပ်တိုတိုတွေက ဘေးနားကျနေတယ်။မျက်မှန်လေးထောင့် တပ်ထားတာက သူ့မျက်နှာကို လေးထောင့်ပိုဆန်နေသလိုပဲ။
ဟင် ဒီကောင့်မှာ ဂျိုင်းမွှေးလည်း မရှိပါလား။
ရိတ်ထားတာလား မသိဘူး။

'မင်း ဂျိုင်းမွေးတွေ ရိတ်ထားတာလား..´

ကျော်မင်းဟန်က သူ့ဘက်ကို မကြည့်ဘဲ ပြန်ဖြေတယ်။

'မရိတ်ထားဘူး..အစကတည်းက မထွက်တာ.´

သူလည်း တအား ရယ်မိသွားတယ်။ဒီကောင့်ကြည့်ရတာ ဘယ်နားကြည့်ကြည့် ယောကျာ်းပီသတဲ့ နေရာချည်းပဲ။ရုပ်ရည်ရော အသံရော အပြုမှုရော စိတ်ဓာတ်ရော။ဂျိုင်းမွှေးတောင် မပေါက်သေးဆိုတာတော့ စောက်ကလေးပဲ ရှိသေးတာပဲလို့တွေးမိတယ်။
ပြီးတော့ အမွှေးမရှိတာ ယောကျာ်း မပီသတာပဲလို့ တွေးမိတတ်တာက သူ့ရဲ့ အကျင့်။

My Manly BrotherOù les histoires vivent. Découvrez maintenant