အခန်း-၁၇

6.1K 499 24
                                    


Unicode

'ပျင်းလိုက်တာကွာ ဘယ်သွား ရမလဲတောင် မသိဘူး..'

ပြောရင်း ဘေးမှာ လာလဲှအိပ်ရင်း ဖုန်းသုံးနေတဲ့ ဇော်နိုင့်ကို ခြေထောက်နဲ့ ကန်လိုက်တယ်။
ဇော်နိုင်နဲ့ သူက ကျောင်းရောက်မှ ခင်တာဆိုပေမဲ့ ၄ နှစ်ကျော်တဲ့ အခါမှာတော့ ညီအစ်ကိုတွေလို ဖြစ်နေပြီ။
ဇော်နိုင်က ဖုန်းနဲ့ မျက်နှာက မခွာဘဲ
ပြောတယ်။

'ရေသွားကူး မလား..'

'ဆောင်းတွင်းကြီး ရှိသေးတာကို'

'ခုမှ ညနေ. ၄ နာရီ တောင် မရှိသေးဘူး
ပူသေးတယ်..သွားကူးရအောင်..'

သူလည်း တစ်ချက်စဉ်းစားရင်း ပျင်းနေပြီး လုပ်စရာ မရှိတဲ့ အတူ သွားဖို့ ဆုံးဖြတ်လိုက်တယ်။

သူတို့ နှစ်ယောက်လုံး ရေကူးကန်ရောက်တော့
လက်မှတ်ဖြတ်ပြီး အဝတ်အစား အမြန်လဲလိုက်တယ်။ ရေကူးကန်ထဲ မဝင်ခင်
ရေချိုး ကတည်းက
သူချမ်း ချင် သလိုပဲ။ခဏနေတော့ သူရော ဇော်နိုင်ရော ရေကူးကန်နား ရောက်လာပြီ။

'ဟျောင့်...... ဟိုဘက် ၈ ပေဘက်
သွားကူးမယ်လေ'

'တော်ပြီ..ငါ သိပ် မကူးတတ်ဘူးဟ...၅ပေလောက်ကို အတော်နက်နေပြီ
ဒီနားပဲ ကူးတော့မယ်'

သူလည်း ဇော်နိုင်ဘယ်လောက်ဆွယ်ဆွယ် ငြင်းလိုက်ပြီး ငါးပေ နားမှာပဲ
ကပ်ရပ်နေလိုက်တယ်။
ခဏနေကြတော့ ဇော်နိုင်လည်း သူ့ထားခဲ့ပြီး
ဒိုင်ဗင်ထိုးတဲ့ နေရာကို.ရောက်သွားတယ်။

သူလည်း ငါးပေမှာပဲ ကန်တစ်ဝက်လောက်ကို
လက်ပစ်ကူးလိုက် ကျန်တစ်ဝက်လောက်ကို ကိုယ်ဖော့ပြီး နေလိုက်လုပ်နေတယ်။အေးတော့ နည်းနည်း အေးလာသလိုပဲ။
မကူးတာလည်း ကြာတော့
ခြေထောက်တွေက အတော်ညောင်းနေတယ်။

ဘေးနားက ကန်ဘောင်ကို မှီရင်း နားနေတုန်းရှိသေး ရေတွေက သူ့မျက်နှာကို ဖြန်းခနဲ
လာစင်တယ်။
တစ်ယောက်ယောက် ပက်တာပဲ။ကြည့်လိုက်တော့မှ ရင်းနှှီးနေတဲ့ ကောင်တစ်ကောင်။ကျော်မင်းဟန်!

'ဘောလား...ကျော်ဟန်...'

သူလည်း ပြန်ဆဲရင်း ရေနဲ့ ပြန်ပက်လိုက်တယ်။
ကျော်ဟန်က ဘေးကို ရှောင်ရင်း ရယ်တယ်။
ခုတစ်လော ဒီကောင့်တွေ့ရင် ခဏခဏ
ဆဲမိတယ်။
သူ့ကို ခဏတိုင်း မထိတထိ လာစနေသလိုပဲ။မသိရင် ရွယ်တူ သူငယ်ချင်းလိုပဲ။ ဟိုဘက်တစ်နေ့က သူရဲ့ presntation အတွက် လေ့ကျင့်နေတုန်း ုpurpose အသံထွက်ကို ပါးပိုစ့်လို့ အသံထွက်မိသွားတာ ဘေးက နားထောင်နေတဲ့ ကျော်ဟန်အစုတ်ပလုတ်က ထရယ်တယ်။
ပါးပါစ့် ပါဗျာပြောပြီး
အသံထွက်ကို လှောင်ပြီး ထွက်ပြတယ်။
'သည် ပါးပိုစ့် အောဖ်'ဆိုပြီး တုပြီးတောင် လုပ်
ပြနေသေးတယ်။

My Manly BrotherDonde viven las historias. Descúbrelo ahora