အခန္​း-၄၁

5.9K 475 75
                                    

အခန်း..၄၁
(Some sexual terms are included)

'တီတီ...တီ တီ´။

နောက်ဆုံး အချိန်စေ့လို့ စနက်တံပြုတ်သွားတဲ့
ချိန်ကိုက်ဗုံးလို မြည်နေတဲ့ နာရီ အလန်းသံကို
အတော် အမြင်ကပ်တယ်။လိုက်စမ်းရင်း ဖုန်း
အလန်းသံကို ပိတ်လိုက်တယ်။

'ထတော့...´

ကျော်ဟန့်အသံက ပျံ ့လွင့်လာတယ်။
ဟင့်အင်း မထချင်ဘူး။ခဏလောက် ထပ်အိပ်ပရစေအုံး။ပေပြီး မကြားဟန်ဆောင်ကာ ဆက်အိပ်နေတယ်။

'ခုမှ မထရင်...နောက်ဆုံး နည်းလမ်းသုံးတော့မှာနော်....´

ခေါင်းအုံးကို မျက်နှာအပ်နေရင်းနဲ့ ဝူးဝူးဝါးဝါးဖြင့်
ပြန်ဖြေလိုက်တယ်။

'လုပ်ရဲ လုပ်ကြည့်..´

သို့ပေမဲ့ သူ့ ခြိမ်းခြောက်စကားက.မသက်ရောက်ကြောင်း ခဏနေတော့.ဝမ်းနည်းစွာ သိလိုက်ရတယ်။

ခြေဖဝါးက ယားခနဲ ခံစားချက်က တစ်ကိုယ်လုံးကိုကွေးသွားစေတယ်။

မနေနိုင်ဘဲ တခွိခွီ အော်ရင်း တော်ပါတော့ ပြောယူရတယ်။ စောင်ကလေးက ခြေဖဝါးကို ယားအောင် လုပ်နေတယ်။ သူ့လည်း ကလိုထိုးတာ မခံနိုင်တဲ့ထဲ ပါတယ်။သောက်ကျင့်မကောင်းတဲ့ ကျော်ဟန်က ခြေဖဝါးကို အဓိက တိုက်ဆင်စစ်တာပဲ။

သူလည်း အိပ်ချင်ပြေပြီး ထရပ်ရော ကျော်ဟန်က အတင်း အိပ်ခန်းထဲက တွန်းထုတ်တယ်။မျက်နှာသစ် အဝတ်စားလဲဖို့ပေါ့။

ဘောင်းဘီတိုနဲ့ အနက်ရောင် အားကစား အင်္ကျ ီလဲဝတ်ပြီးနောက် ကျော်ဟန့်ဘေး lover seat
မှာ ဝင်ထိုင်တယ်။ခါးပတ်ပတ်ရမှာတောင် ပျင်းတဲ့ သူမလို့ ထုံးစံအတိုင်း ကျော်ဟန်ကပဲ ဘေးက ပတ်ပေးရပြန်တယ်။

၅နာရီ ၄၅ ကွက်တိမှာတော့ အပြာရောင်ဆွစ်လေးက ၆၇ လမ်း ကျုံ းဘေးတစ်နေရာမှာ ရပ်လိုက်ရင်း သူတို့နှစ်ယောက် စပြေးတော့တယ်။တစ်ကယ်တမ်းတော့ ဘယ်သူက တစ်ကယ်ပြေးနေတာလဲမေးတာတော့ မေးစရာပါ။

သေချာပေါက် ဖြည်းဖြည်းမှန်မှန် ပြေးနေတာ
ကျော်ဟန်။နေမင်းကတော့ နညိးနည်းပြေးရသေး မောပြန်တယ်ဆိုပြီး ထိုင်ထိုင် နားနေတာ ကျော်ဟန် ကနောက်ပြန်လှည့်လာရင်း ဆွဲခေါ်နေရတာချည်းပဲ။

My Manly BrotherWhere stories live. Discover now