အခန်း-၂၅

6.1K 440 29
                                    


Unicode

'ညီ.. ဘာတွေ တွေးနေတာလဲ´

'ဟမ်...နားလည်တယ်..´´

သူအတွေးတွေ လွတ်နေတုန်း ကိုလင်းနေက သူ့လက်ကို လှမ်းလှုပ်လိုက်တယ်။သူလည်း
ကိုလင်းနေ စောစောက
ပြောတာလည်း မကြားလိုက်ဘူး။

'ဘာတွေးနေ တာလဲမေးတာ.´

'အော်...´

သူလည်း စောစောက စကားမှားဖြေလိုက်တာ သတိထားမိရင် ရှက်ရှက်နဲ့ ပြုံးပြလိုက်တယ်။

'ဒီလိုပါပဲ စိတ်က လွတ်လွတ်သွားတာ...
စာမေးပွဲ နီးလာပြီး ဘာမှ မရသေးတော့
စိတ်ပူပြီး တွေးနေမိတာ...´

သူလည်း ညာပြောလိုက်တယ်။တစ်ကယ်က သူအသည်းကွဲ နေတုန်းပဲ။ သုတအကြောင်းတွေးမိတိုင်း စိတ်ထဲ ငူငိုင်သွားဆဲ။

ကိုလင်းနေက သက်ပြင်းချရင်း
'စာမေးပွဲနီးလည်း စိတ်မပူနဲ့..မင်း
နားမလည်တာ ပြော... မင်း ကို ရှင်းပြမှာပေါ့ တခြား ဘာသာကဟာတွေလည်း..အကို..
မှတ်မိနေသေးတယ်..
..တင်္နလာနေ့ ဖြေမှာ
ဆိုတော့...၅ ရက်တောင် ကျန်သေးတယ်
ကျက်ဖို့ အချိန် လောက်ပါတယ်...´

သူ့ကို သေချာ ဂရုစိုက်ပေးတာကို မြင်တော့
နေမင်းလည်း စိတ်ထဲ ကျေနပ်သလို ခံစားရတယ်။

အကိုသာ သုတဖြစ်ရင်.....

သူ တွေးချင်ရာ ဆက်တွေးလို့ ကောင်းနေတယ်။ကိုလင်းနေက ဘေးက သူ့ လက်ဆွဲအိတ်ထဲကနေ အညို ရောင်သံဘူးလေး တစ်ခုထုတ်ပြီး ရှေ့ကို ချလိုက်တယ်။

'ဖွင့်ကြည့်ဦး...မင်းဖို့...´

ကိုလင်းနေ ပြုံးပြီး သူ့ဘက်ကို တိုးပေးလာတယ်။သူလည်း အညိုရောင်သံဘူးလေးကို လှပ်လိုက်
တယ်။

ချောကလက်တွေ။
တိတိကျကျ ပြောရရင်တော့ အသဲပုံ ချောကလက်လေးတွေ။

ဘေးမှာ ခေါက်ထားတဲ့ ကဒ်လေးတစ်ခုရော ပါတယ်။သူလည်း ယူဖွင့်ကြည့်လိုက်တယ်။

စာလုံးသုံးလုံးသာ ပါဝင်တယ်။

'I love u´

သူ လည်း ကြောင်သွားပြီး ကိုလင်းနေ မျက်လုံးပြူ းပြီး ကြည့်နေမိတယ်။

My Manly BrotherTempat cerita menjadi hidup. Temukan sekarang