အခန္​း-၄၀

6.5K 507 70
                                    

အခန်း...၄၀

မဟာမြိုင်ရပ်ကွက်ထဲက ခြောက်ထပ်မြောက်တိုက်ခန်း လေးရဲ့ နှစ်ယောက်အိပ်မွေ့ယာကြီးပေါ်မှာ သူနိုးလာခဲ့တယ်။ ဘေးဘီကိုကြည့်တော့မှ
ပလတ်စတစ် ထိုင်ခုံအပုလေးပေါ်မှာ ထိုင်နေတဲ့ ကျော်ဟန်ကို တွေ့တယ်။အင်္ကျ ီလက်ပြတ်ဝတ်ထားပြီး ကျောမှာရော လက်မောင်းမှာရော ချွေးတွေ စီးကျလျက် ရှိတယ်။ ဘေးတစောင်းမြင်နေရပေမဲ့ ထင်းနေပြီး စောင်းလျက်ရှိနေတဲ့မေးရိုးရယ် ဘေးကကြည့်မှ စင်းနေကြောင်း သိသာတဲ့နှာတံရယ် ဖြူ ဝင်းပြီး နားသယ်စပ်ကကျနေတဲ့ ချွေးပေါက်ရယ် ရေပုလင်းကို တဂွတ်ဂွတ် မော့သောက်လိုက်လို့
အပေါ်အောက်လှုပ်သွားတဲ့ အာဒံ ပန်းသီးလေးရယ် ဝဲကျလို့ သပ်တင်လိုက်တဲ့ ဆံပင်တွေရယ် ။ပြည်စုံတဲ့.မနက်ခင်းတစ်ခုဆိုတာ သူ ခံစားလိုက်ရတယ်။

'နိုးပြီလား..´

သူက အွန်း ပြောရင်း ပြန်ဖြေတယ်။

'ဘယ်နှာနရီရှိပြီလဲ...´

'ရှစ်ခွဲ´

ကျော်ဟန်က ပြန်ဖြေတယ်။နေမင်းလည်း အိပ်ရာကနေ ထထိုင်ရင်း ပြတင်းပေါက်ကနေ ဖြတ်သန်းကျရောက်နေတဲ့ နေရောင်ကို ငေးမောကြည့်မိတယ်။ညတုန်းက အိုက်လို့ ဝရန်တာဘက်က ပြတင်းပေါက်ကို ဖွင့်ထားမိတယ်။ခုတော့ နေရောင်က ချည်းနင်း ဝင်ရောက်နေတယ်။

အပျင်းကြော ဆန့်ရင်း အွန်းအား ညည်းတွားလိုက်တယ်။

'ကိုယ်လက်တွေ ကိုက်နေသလိုပဲ...ကွာ...´

သူ့အပြောကြောင့် ကျော်ဟန်က ရှုတည်တည်နဲ့
နောက်ပြန်လှည့်ကြည့်တယ်။ရေပုလင်းကို ဘေးချရင်း ပြောတယ်။

'ခါးနာမယ့် ကိစ္စ မလုပ်တာဖြင့်...တစ်ပတ်ရှိတော့မယ်...´

ကျော်ဟန့် အပြောကြောင့် နေမင်း မျက်နှာက တည်သွားတယ်။ပြီးတော့ အိပ်ရာထဲကနေ မမှီမကမ်းနဲ့ ကျော်ဟန့် ခါးကို လှမ်းကန်တယ်။အဖျားပဲ ခတ်မိသွားတယ်။

'ဒါဆို...ခုပဲ...ခါးနာမယ့် ကိစ္စ လေးတွေ လုပ်ရအောင်လေ´

ကျော်ဟန်က သူ့ကို အတည်ကြီးလားဆိုတဲ့ အကြည့်နဲ့ ကြည့်တယ်။

My Manly BrotherWhere stories live. Discover now