အခန္​း -၄၈

4.7K 428 13
                                    


အခန်း ၄၈

ည နှစ်ချက် လောက်ထိ စစ်ကိုင်း- မန္တလေးလမ်း
ပေါ် သလားပြီး စစ်ကိုင်းတံတားပေါ်မှာ
နှစ်ယောက်သား.မူးကြ၊ကွဲကြတယ်။တိုက်ခန်းကို တောင် ဆိုင်ကယ်ဘယ်လို မောင်းပြီး၊ ပြန်
ရောက်လာလဲဆိုတာ သူတော့ မသိ။
တော်သေးတယ် နှစ်ယောက်မူးပြီး ဆိုင်ကယ်
စီးသွားတာ အသက်မပျောက်လို့။

မနက်ထလာတော့ ခေါင်းက အနည်းငယ်ကိုက်
နေခဲ့တယ်။ အတော်ကြာထိ မျက်လုံးဖွင့်ပြီး
မျက်နှာကြက်ကို စိုက်ကြည့်နေမိတယ်။
ဘေးက ကျော်ဟန်က တစ်ဖက်စောင်းကာ
အိပ်နေတယ်။ သူ့ နှုတ်ခမ်းထူထူလေးက မဟ
တဟ မပွင့် သလို  ပွင့် သလို ။သူ့လို တစ်ခါလေ
အိပ်ရင်း သရေကျတတ်တာ ၊ ဟောက်တတ်
တာမျိူ းမရှိ။ အိပ်နေတာတောင် ဘယ်လောက်
ချောမော လိုက်သူလဲ။  ဘောက်ဆာပဲ ဝတ်ထား
တဲ့ ကျော်ဟန် အောက်ပိုင်း တစ်နေရာကလည်း မနိူးတနိုး အခြေနေမှာ။ မနက်ကို ဒီလို လက္ခဏာပြသခြင်းက ယောကျာ်းတစ်ယောက်ဟာ စွမ်းပကား အမြင့်ဆုံးမှာ ရှိနေသေးတယ်ဆိုတာ
ပြတာ တဲ့။အင်းလေ...တစ်ကယ်ဆို ကျော်ဟန်
လေးက သူ့ထက်ငယ်တာပဲကို...သန်မာမယ်ဆို
တာ အထင်မှားစရာမရှိ။

အနားကို တိုးကပ်သွားကာ မပွင့်တပွင့် ထိုနှုတ်
ခမ်းသားထူထူတွေကို သူ နမ်းလိုက်တယ်။
နှုတ်ခမ်းတွေကို တစ်ချက်ငုံ စုပ်လိုက်ပြီးတော့
သူလွှတ်ပေးလိုက်တယ်။သူ့လက်ကလည်း
ကျော်ဟန် ဘောက်ဆာပေါ်က မနိုးတနိုး
အကောင်လေးကို အုပ်ကိုင်လိုက်တယ်။
သို့ပေမဲ့ ကျော်ဟန်က မနိုးလာသေး။
သူလည်း လက်ပြန်ရုတ်ကာ ထလိုက်တယ်။
မျက်နှာသစ် သွားအရင်တိုက်ထားတာ ကောင်း
ပါတယ်လေ။

သွားတိုက်ရင်း ဘေစင်က မှန်မှာ တစ်ချက်
ပြန်ကြည့်ရင်း ကောက်နေတဲ့ ဆံပင်တွေကို
သပ်တင်မိတော့ သူ့လက်ထဲ ဆံပင် အချိူ့
ကျွတ်ပါလာတယ်။ကျွတ်စ် တစ်ချက်စုပ်သပ်
ရင်း ဘေစင်ထဲ ပစ်ထည့်လိုက်တယ်။ ဆံပင်
တွေ ခဏခဏ ကျွတ်လှတာ သူ မကြိုက်။

မျက်နှာတစ်ပြင်လုံးကို ရေနဲ့ နှံ့အောင် သစ်ပြီး
ချိန်မှာတော့ သူ လန်းသွားသလို ခံစားရတယ်။
ကျော်ဟန် တဘက်ကို ပခုံးပေါ်တင်ရင်း အခန်း
ထဲ ဝင်လာတော့ ကျော်ဟန်က နိုးနေပြီ။
သူ့ ကြည့်ရတာ ဟမ်းအိုဗာ ဖြစ်နေသေးပုံပဲ။

My Manly BrotherTempat cerita menjadi hidup. Temukan sekarang