အခန္​း-၄၂

5.9K 525 47
                                    

အခန်း...၄၂

တစ်ပတ်တာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချခြင်း အစီစဉ်အပြီးမှာတော့ နေမင်း တစ်ယောက် သုံးရက်လောက် အပြင်းဖျားပြီး နှစ်ရက်လောက် ဝမ်းလျှောကာ ပြန်ကောင်းချိန်မှာတော့ကျော်ဟန်အစီစဉ် အောင်မြင်သွားခဲ့ပါတယ်။
ဝိတ်တစ်ကယ်ကျသွားလို့ ပါ။

သုံးရက်စာလောက်၁၀၃ ဒီဂရီ လောက်ထိ အဖျားတက်ပြီး အစားစားချင်စိတ် ပျောက်သွားတယ်။ ဆန်ပြုတ်တောင် ကောင်းကောင်း မဝင်တော့ဘူး ဖြစ်သွားတယ်။ ပြန်ကောင်းကာစမှာလည်း အစားစားချင်စိတ်လေးရအောင်ဆိုပြီး သဘောၤသီးတစ်ပွဲ ကျွေးလိုက်တာ ဝမ်းတော်လားသွားလို့ ဒုတိယမြောက်နေ့မှာ ဆေးခန်းပြေးပြီး
ပုလင်းချိတ်ရတဲ့အထိ။ လူနာကုတင်ပေါ်က
ပိုက်တန်းလန်းနဲ့ နေမင်းကတော့
'နောက်တစ်ခါ ဝိတ်ချတာမျိုး မလုပ်ကြတော့ဘူးနော် ´ဆိုပြီး ပြောရှာတယ်။

ငှက်ပျောသီးအမှတ်နဲ့ ကိုက်မိသွားတာက လက်မလွန်သွားဘူးလို့ပြောရမယ်။အခြစ်ရာလေးထင်ပြီး ခဏတာ နာသွားသည်ကလွဲ၍ ကျော်ဟန့် အငယ်ကောင်သည် ကျန်းမာပကတိ ချမ်းသာအတိ ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရလေသည်။

နာလန်ထစ ဒီ်အပတ်ကတော့ အေးဆေးစွာ တိုက်ခန်းမှာ နေနေရုံပဲ။ အပြင်ထွက်စားဖို့လည်း ကျော်ဟန်က မပြောတာမလို့ တစ်ခုခုဆို ကျော်ဟန်က လုပ်ကျွေးတယ်။ဒါမှ မဟုတ်ရင် စားချင်တာ ဝယ်လာပေးတယ်။စားသောက်ပြီး အိပ်ရာထဲ ရုပ်ရှင်ကြည့် ဇိမ်ကျတဲ့ သူ့ရဲ့ သာယာသောကာလလေးများ ရောက်ရှိလာတယ်။

'အိုး...မိုင်ဂေါ့...သေပြီ...စောင် ဘရန်က...ဘာကိစ္စ သွားထိတာတုန်း....
ဟာကွာ...သေတော့မယ်ထင်တယ်..´

သူ တစ်ယောက်တည်း လက်တောပ့်ရှေ့မှာ ထိုင်မလို ထမလို အော်နေတာကို အိပ်ခန်းထဲ ဝင်လာတဲ့ ကျော်ဟန်က တွေ့သွားတယ်။ အနားကပ်လာရင်း သူ့ ပခုံးကို လာမှီတယ်။

'ကြည့်နေပြန်ပြီလား...ဒီကားကြီး..´

'အွန်း..´

ဟုပြောရင်း နေမင်း အာရုံစိုက်မှုက ဖန်သားပြင်က ဘရန်ဒန်စတာ့ခ် ဆီမှာ။

My Manly BrotherWhere stories live. Discover now