အခန္​း-၃၇

6.2K 471 41
                                    

၃၇

'ငါ ဖြင့် မင်းကို...ပုံမှန်ပဲ ထင်နေတာ....´

ဇော်နိုင့်အပြောကို သူလည်း ဘာမှ ပြန်မငြင်းနေဘဲ မျက်နှာလွှဲကာ သူ့အခန်းက ခုံပေါ်က သစ်သားအိမ်နာရီလေးကိုပဲ ကြည့်နေမိတယ်။

'ငါ...ခဏခဏ...စနေလို့ မင်း....ခြောက်သွားတာ.များလား.....´

သူလည်း ဇော်နိုင့်ကို ခြေထောက်လှမ်းကန်လိုက်တယ်။

'ငုံးမကောင်...ရဲ့....ဘာမှ မဆိုင်ဘူး...အစထဲက ဂေးနေတာ ရပြီလား...´

ဇော်နိုင်က ရယ်ရင်း ဆက်မေးတယ်။

'မင်းတို့ နှစ်ယောက်ထဲ ဘယ်သူက...အောက်ကလဲ..
မင်း မလား...´

ဇော်နိုင် သူ့ကို ဂေးဖြစ်နေတယ်ဆိုပြီး စတာတော့ ခဏ ခဏပဲ။သူလည်း ဇော်နိုင်ကို ဇွတ်ကျားလို့ပဲ ပြန်ပြောမိတာများတယ်။

သူလည်း ဇော်နိုင့်ကို  ခေါင်းရမ်းပြလိုက်တယ်။

'မင်း...မဟုတ်ဘူးလား...မဖြစ်နိုင်တာ...ဟိုကလေးကြည့်ရတာ...မင်းထက်..ပို ..´

'တော်ပါတာ့.ကွာ...´

သူလည်း ဇော်နိုင့် ပြောတာကို ကြားဖြတ်ပြောပြီး ပိတ်လိုက်တယ်။

' ငါလည်း..အဲ့ညီလေးကို ချစ်နေတယ်....သူကလည်း ငါ့ကို ချစ်နေတယ်...ဒါပဲ...တခြား မင်းတွေးနေတဲ့...ဟိုဒင်း ဟိုဝှါတွေ မပါဘူး..
.ရပြီလား...´

သူလည်း ပြောပြီးပြီးချင်း မှ ပြန်တွေးမိတယ်။တစ်ကယ်တော့ သူနဲ့ ကျော်ဟန် ချစ်သူ ဖြစ်တာ ၃ လနီးပါးရှိတော့မယ်။အပြင်ကကြည့်ရင်တော့ ဘာမှတော့ သိပ်မထူးခြားတဲ့
စီနီယာ နဲ့ ဂျူ နီယာ သူငယ်ချင်းလိုပဲ။သူကိုယ်တိုင်ကလည်း လူတွေ မသိစေချင်ဘူး။ဘယ်နားရောက်ရောက် ကျော်ဟန်ပဲ ခေါ်တယ်။ကျော်ဟန်ကလည်း ပုံမှန်ပဲ ခေါ်တယ်။ တစ်ခါလေ စိတ်လိုလက်ရ ရှိမှ သူ့ကို အစ်ကိုလို့ ခေါ်တယ်။စကားလည်း နည်းတဲ့ကောင်။.သူကပဲ အမြဲ အရင် အာလူးစဖုတ်ရတာများတယ်။

ဘယ်မှ မသွားဘဲ အခန်းအောင်းနေတတ်တဲ့ အကျင့်ရှိတဲ့ ကျော်ဟန်ကို နေရာမျိုးစုံ ခေါ်သွားတတ်တာလည်း သူ။ ဆိုင်တစ်ဆိုင်ထဲမှာပဲ တစ်လလုံးစားတတ်တဲ့ ကျော်ဟန်ကို စားသောက်ဆိုင်အစုံ၊အကင်ဆိုင်၊မနက်စာဆိုင်၊ဟောေ့ပါ့ဆိုင်၊ကော်ဖီဆိုင်အစုံကို ခေါ်သွားတတ်တာလည်း သူ။အပတ်တိုင်း တင်သမျှ ရုပ်ရှင်ကား မလွတ်အောင် သွားကြည့်လို့ ဘေးကလိုက်အိပ်ပေးတဲ့သူကတော့ ကျော်ဟန်။

My Manly BrotherWhere stories live. Discover now