အခန်း-၁၅

6.5K 490 24
                                    


Unicode

'ဟဲလို´

'ငါပါ. .´

'အေး ပြော ဟျောင့်ရေ´

'မိသန့်..အားတယ်မလား...
ကော်ဖီ တစ်ခွက်လောက် သွားသောက်
ရအောင် လေ´

'အင်း..အားသားပဲ....ခုလား..´

'အင်း...ခု...´

'လာခဲ့လိုက်မယ်..စောင့်နေလိုက်တော့´

တစ်ဖက်က သူ့သူငယ်ချင်း သန့်သန့်ထွေးက ဖုန်းချ သွားတယ်။သန့်သန့်ထွေးက သူရဲ့ ရှားရှားပါးပါး  မိန်းကလေး သူငယ်ချင်းကောင်း။သူပေါင်းတဲ့ မိန်းကလေး သူငယ်ချင်း သိပ်မရှိ။သန့်သန့်နဲ့တောင် သူ့သူငယ်ချင်း တစ်ယောက်က တစ်ဆင့်သိရင်း တဖြည်းဖြည်းခင်သွားကြတာ။မနှစ်တုန်းက သူ မွန်းကြပ်လာလို့ သူလိင်စိတ်ခံယူအကြောင်းကို
သန့်သန့်ကို ရင်ဖွင့်ခဲ့တာ။သူပြောတာ ကြားတော့ သန့်သန့်ထွေးက မယုံနိုင်ဖြစ်နေတယ်။

'လာနောက်နေတာလား...နင့် ကြည့်ရတာ
ပုံမှန်လိုပဲ..ဘယ်လိုလုပ်...´

ထိုစဉ်တုန်း က သန့်သန့်ထွေး မျက်နှာကြီးက တအံတသြနဲ့။ပြီးတော့ ရယ်တယ်။နောက်ပိုင်း သူတို့ချင်း ပိုတောင် ရင်းနှီးလာကြတယ်။ခုတော့
ထို ဟာမလည်း ဘဲနဲ့ ဘာနဲ့။

ရှေ့က လက်တေးခွက်တောင် အေးနေပြီ။
သန့်သန့်ထွေး မလာသေး။ကြည့်ရတာ
ပြင်ရဆင်ရနဲ့ ကြာနေပြန်ပြီလား မသိဘူး။
တွေးနေတုန်းရှိသေး ကော်ဖီဆိုင် တံခါးကို ဖွင့်ပြီး ဝင်လာတာ သန့်သန့်ထွေး။

သန့်သန့်ထွေးက အသားဝါဝါဝင်းဝင်းလေး။ခုနောက်ပိုင်း နေလောင်တာ များလာလို့ ထင်တယ်။နည်းနည်းနီလာသလိုပဲ။မျက်နှာကျလည်း ပါးဖောင်းဖောင်းနဲ့ ချစ်စရာ ကောင်းတဲ့ထဲ ပါတယ်။ဆံပင်ဆိုတာက သူ စိတ်ပေါက်ရင် တိုလိုက်။ခဏနေ ပြန်အရှည်ထားမယ်ပြောလိုက်နဲ့ တစ်ယောက်တည်း အမျိုးစုံကြိုးခုန် နေတော့တာပဲ။သူရဲ့ ထူးခြားတာပြောရရင်တော့ အကြောလိုက်သလို ခဏခဏ မျက်လုံး မှိတ်တုတ် မှိတ်တုတ် ဖြစ်နေတာပဲ။

'ကြာ သွားပြီလား..ဆောရီးပဲ´

သန့်သန့်ထွေးက ရယ်ကျဲကျဲပြောရင်း ရှေ့မှာ ဝင်ထိုင်တယ်။ပြီးတော့ စားပွဲထိုး အစ်မကို chocolate တစ်ခွက်မှာ လိုက်တယ်။သူ့ရဲ့ mask ကို ဘေးနားချရင်း

My Manly BrotherTempat cerita menjadi hidup. Temukan sekarang