Episode -1

5.8K 117 3
                                    

<Unicode>

"သမီးရေ...မေမိုး...အလုပ်နောက်ကျတော့မယ်"

"လာပြီ မေမေရဲ့...အဝတ်တွေ မီးပူတိုက်နေလို့"

"သမီးရယ်...မနက်လင်းရင် အလုပ်သွားဖို့ပဲ လုံးပန်း
စမ်းပါ...အိမ်က အလုပ်တွေက မေမေလုပ်လည်း
ရတယ်...ခုတော့ နောက်ကျတော့မယ်...ရော့...ဒီမှာ
ထမင်းချိုင့်"

ဒေါ်မြမူ ပေးတဲ့ ထမင်းချိုင့်လေးကို လှမ်းယူရင်း
မေမိုး သွားဖွေးဖွေးလေးတွေ ပေါ်အောင် ပြုံးပြလိုက်
သည်။

"သမီး သွားတော့မယ်"

"အင်း...နောက်ကျနေတယ်ဆိုပြီးလည်း ဒုံးပြေးမနေနဲ့
ဦး...လမ်းသွားတာကို မိန်းကလေးပီပီ လျှောက်"

"ဟုတ်ကဲ့ပါ"

မအေပြောတာကို နားထောင်ပါတယ်။ အိမ်ဝင်းထဲက
မထွက်ခင် ထိပေါ့။ အိမ်ရှေ့ရောက်တာနဲ့ ခြေလှမ်းတွေ
ကို မပြေးရုံတမယ် သွက်နိုင်သမျှ သွက်အောင်
လျှောက်ရတော့သည်။

သူမအတွက် ဒါက အဆန်းမဟုတ်တော့။
မနက်တိုင်းလိုလို နောက်ကျနေကျမို့ ကြာတော့
လမ်းလျှောက်နှုန်းတွေက အရင်ကထက် ပိုမြန်လာ
သည်။ ဘောင်းဘီရှည်နဲ့မို့ ခြေလှမ်းတွေက
လွတ်လပ်ပေါ့ပါးနေသည်။

တီ...တီ...

ဘေးနားက ကပ်တီးလိုက်တဲ့ ဟွန်းသံကြောင့်
သူမ ပျော်သွားသည်။ ကယ်တင်ရှင်ကြီး ရောက်လာပြီ။

"ကိုထူးဝေ...ရောက်တာနဲ့ အတော်ပဲ"

"ဖြည်းဖြည်းလျှောက်လည်း ရောက်ပါတယ်...မေမိုးရယ်
ငါ့မှာ ဆိုင်ကယ်နဲ့ အမီလိုက်တာတောင် မနည်းလိုက်
ရတယ်"

"ဟီး...နောက်ကျနေလို့ပါ"

"ကဲ...တက်"

သူမကို အပိုပါလာတဲ့ ဆိုင်ကယ်ဦးထုပ်လေးကို ပေး
လိုက်တော့ အမြန် ယူဆောင်းလိုက်ရင်း ဆိုင်ကယ်ပေါ်
တက်ခွလိုက်သည်။

"ကဲ...မောင်းပြီ...သေချာ ဖက်ထားနော်"

ပြောသာ ပြောရသည်။ ဒီစကားက အပြောသက်သက်
သာ။ မေမိုးက ဆိုင်ကယ်စီးတိုင်း ခါးဖက်တတ်တဲ့
အကျင့် မရှိ။ သူမဘာသာ ငြိမ်အောင် လိုက်တတ်
သည်။ ခုလည်း သူပြောသလို ခါး မဖက်။ ကားရားခွ
ထားတာမို့ ထိုင်ရတာ မြဲနေသဖြင့် ခါးဖက်စရာလည်း
မလိုအပ်။

Together ForeverWhere stories live. Discover now