Episode -23

878 48 0
                                    

<Unicode>

"ဦးလေး...မျက်နှာလည်း မကောင်းပါလား...
ဘာဖြစ်လို့လဲ"

ဝေယံ ရုံးခန်းထဲကို ဝင် ဝင်လာချင်း သက်ပြင်းတွေ
ခဏခဏချပြီး ခေါင်းတွေခါရမ်းနေတဲ့
ဦးကောင်းထက်ကို စိုးရိမ်စွာမေးလိုက်သည်။

"ငါ့တူကို ဦးလေး ပြောစရာရှိတယ်"

ဦးကောင်းထက်မျက်နှာက အရင်ကထက်
တည်ငြိမ်နေသဖြင့် သူပြောမယ့်ကိစ္စက
အရေးကြီးမယ်မှန်း ဝေယံ သိလိုက်သည်။

ဦးကောင်းထက်ရဲ့ မျက်နှာချင်းဆိုင်က ဆိုဖာပေါ်
မှာ ဝင်ထိုင်လိုက်ရင်း သူပြောတာကို နားထောင်
နေလိုက်သည်။

"ဦးလေးတို့စီစဉ်ထားတဲ့ ဒီဇိုင်းတစ်ခု အခိုးခံလိုက်
ရတယ်"

"ဗျာ !"

"ဟုတ်တယ်...ဒီဇိုင်းက ဦးလေးတို့ မပေးရသေးခင်
ဝယ်သူလက်ထဲ ရောက်သွားတာဆိုတော့
ဒီ ဒီဇိုင်းက ဦးလေးတို့ဟာပါလို့ ပြောလို့ မရတော့
ဘူး"

"ဘယ်လိုဖြစ်နိုင်မှာလဲဗျာ...ပုံကြမ်းကရော ?"

ဝေယံ့အမေးကို ဦးကောင်းထက် ခေါင်းခါပြရင်း

"သူတို့က ဦးလေးတို့ဒီဇိုင်းကို နည်းနည်းလေး
ပုံပြောင်းလိုက်တာ...ဒါကြောင့် ပုံကြမ်းကလည်း
အသုံးမဝင်တော့ဘူး"

"နေပါဦးဗျ...ဆွဲပေးတဲ့ engineerကရော ?"

"သူကိုယ်တိုင် ရောင်းစားလိုက်တာ"

"ဗျာ !...ဘယ်လို ?"

ဝေယံ ကိုယ့်နားကိုယ်တောင် မယုံနိုင်။
သူတို့ရဲ့ °ဝေယံမြင့်မိုရ်°ကုမ္ပဏီက engineer
တွေကို လခပေးပြီး အလုပ်ခန့်ထားတာပါ။

ဒါကြောင့် သူတို့ရေးဆွဲသမျှ အဆောက်အဦဒီဇိုင်း
တွေကို သူတို့ကိုယ်တိုင် စီမံခွင့် မရှိ။ ကုမ္ပဏီကပဲ
အဆောက်အဦပြီးတဲ့အထိ တာဝန်ယူ
ဆောက်လုပ်ပေးရတာပါ။

ခုတော့ ဒီဇိုင်းကို ဆွဲတဲ့သူကိုယ်တိုင်က
ရောင်းလိုက်တာဆိုတော့ သူ အတော်အံ့ဩမိ
သည်။

"အခု အဲ့ဒီ engineer ကရော ?"

"သူ့ဟာသူ အလုပ်က ထွက်သွားပြီ"

Together ForeverDonde viven las historias. Descúbrelo ahora