<Unicode>
မေမိုး အိပ်ရာက နိုးလာတော့ ဝေယံက သူမကို
ဖက်ထားဆဲ။ သူ့ရင်ခွင်ထဲက ရုန်းထွက်ရင်း
မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ဝင်လာလိုက်သည်။"ဟင် !...စောစောစီးစီး ဘယ်က ဆက်တာပါလိမ့်"
ရေချိုးခန်းထဲက ထွက်လာတော့ သူမဖုန်းလေးက
အသံမြည်လာသဖြင့် ကြည့်လိုက်တော့
ဒေါ်ဖြူဖြူဝေ့ဆီက ဖြစ်သည်။"ဟုတ်ကဲ့ မာမီ...ပြောပါ"
သူမလည်း ဝေယံခေါ်သလို မာမီလို့သာ ခေါ်လိုက်
သည်။^^ဝေယံရော...ဘာလုပ်နေလဲ^^
"သူလား...ရှိတယ်...ခုထိ မနိုးသေးဘူး"
^^သားက လိမ်လိမ်မာမာ နေရဲ့လား^^
"ဟုတ်...လိမ္မာပါတယ်...အလုပ်လည်း သွားတယ်...
ချက်ကျွေးသမျှလည်း စားတယ်...သမီးစားလက်စ
ပန်းကန်တွေကို ခဏခဏ ယူစားလို့တောင် စိတ်ညစ်
ရသေးတယ်"^^ဟေ !...သားက သမီးစားလက်စ ပန်းကန်ကို ယူစား
တယ်...ဟုတ်လား^^"ဟုတ်တယ် မာမီ...သမီးက မစားနဲ့လို့ ပြောတော့
သူက မရွံတတ်ပါဘူးတဲ့"^^ဘုရားရေ !^^
"ဘာဖြစ်လို့လဲဟင်"
^^သားက သူများစားလက်စကို မပြောနဲ့...သူများထဲ
ကတောင် တစ်ခါမှ နှိုက်စားဖူးတာ မဟုတ်ဘူး...
အရမ်းလည်း ရွံတတ်တာ^^"ရှင် !...ဟုတ်လို့လား မာမီရဲ့...သူ့ကြည့်ရတာ ရွံတဲ့ပုံ
မပေါ်ပါဘူး...အားရပါးရကို စားတာ"^^ဟယ်...တကယ်လား...မြရေ...ဖြူ့သားလေးတော့
သမီးလေးနဲ့တွေ့မှ ပြောင်းလဲလာပြီတော့^^"မာမီ...ဘေးမှာ မေမေလည်း ရှိနေတာလား"
^^အေး...ဟုတ်တယ် သမီးရဲ့...ပြောဦးမလား^^
"ဟုတ်"
သူမ မဆိုင်းမတွဘဲ ဖြေလိုက်သည်။ တစ်ခါမှ မခွဲဖူး၍
မေမေ့ကို တကယ်ပဲ သတိရနေခဲ့သည်။"မေမေ"
^^သမီး...အဲ့မှာ လိမ်လိမ်မာမာ နေနော်^^
"ဟုတ်"
^^ဝေယံ့ကိုလည်း ဂရုစိုက်နော်...စိတ်ညစ်စရာရှိရင် တစ်ယောက်တည်း ကျိတ်မငိုနဲ့...ပြဿနာတွေကို
တစ်ယောက်တည်း ကျိတ်မဖြေရှင်းနဲ့...ကြားလား^^
KAMU SEDANG MEMBACA
Together Forever
Romansaအချစ်ဆိုတာ ကိုယ်သတိမထားမိတဲ့အချိန်မှာ ဖြစ်ပေါ်လာတာမျိုး... အခ်စ္ဆိုတာ ကိုယ္သတိမထားမိတဲ့အခ်ိန္မွာ ဖြစ်ပေါ်လာတာမျိုး...