<Unicode>
ဝေယံ အိမ်ကအထွက်ကို မသိမသာ စောင့်ကြည့်
နေတဲ့ မေမိုးတစ်ယောက် လှုပ်ရွလှုပ်ရွ ဖြစ်နေ
သည်။ သူအလုပ်သွားမှ သူမလည်း ထူးဝေဆီ
သွားနိုင်မှာလေ။သူ့ဘက်က အသာတကြည့် ခွင့်ပြုထားပေမယ့်
သူ မသွားခင် သူမဘက်က အရင်သွားဖို့ကျ
မျက်နှာပြောင်သလို ဖြစ်နေမှာစိုး၍
သူအလုပ်သွားမှသာ သူမလည်း ထွက်နေကျ
ဖြစ်သည်။''သူကလည်း ဒီနေ့ကျမှ မသွားနိုင်သေးဘူး...
ဘာတွေလုပ်နေလို့ ဒီလောက်ကြာနေတာပါလိမ့်"မေမိုး ထမင်းစားခန်းထဲမှာ ပွစိပွစိလုပ်နေတုန်း
ရှပ်အင်္ကျီလက်ရှည်ကို တံတောင်ဆစ်အောက်နား
ထိ ခေါက်တင်နေရင်း ဧည့်ခန်းထဲ ရောက်လာတဲ့
ဝေယံ့ကို ထမင်းစားခန်းထဲမှ ချောင်းကြည့်နေမိ
သည်။အမြဲတမ်း အပေါ်ကနေ သားရေဂျာကင်ကိုသာ
ထပ်ဝတ်တတ်တဲ့ဝေယံက ခုလိုရှပ်လက်ရှည်
အဖြူလေးနဲ့ စတိုင်ဘောင်းဘီအနက်ရောင်လေး
ကို သပ်ရပ်စွာဝတ်ဆင်ထားပြန်တော့
ယောက်ျားပီသစွာ ကြည့်ကောင်းလွန်းနေသည်။ဘာကြောင့်ရယ် မသိ။ သူ့ရဲ့ လှုပ်ရှားမှုမှန်သမျှကို
မေမိုး လိုက်ကြည့်နေမိသည်။'ဒီလောက် သန့်ပြန့်နေတာ ဘယ်သွားမလို့ပါလိမ့်'
တစ်ယောက်တည်း တွေးနေတုန်း ဝေယံက
အိမ်ပြင်သို့ထွက်သွားသဖြင့် သူမလည်း စားပွဲပေါ်
တင်ထားတဲ့ အစားအသောက်တွေထည့်ထားတဲ့
ခြင်းလေးကိုယူရင်း ဧည့်ခန်းဘက်ကို အသာထွက်
လာလိုက်သည်။ သူ ထွက်သွားပြီဆိုတာနဲ့
သူမလည်း အဆင်သင့် သွားလို့ရအောင်ပါ။"ဘာလဲ...မသွားသေးတာလား"
ခုထိ ကားစက်နှိုးသံ မကြားရသေးသဖြင့် ဝေယံ
မသွားသေးမှန်း သိလိုက်သည်။ တွေးနေတုန်းရှိ
သေး။ ဝေယံတစ်ယောက် အိမ်ထဲ ပြန်ဝင်လာ
သည်။"ဘာ...ဘာကျန်ခဲ့လို့လဲ"
"လူကျန်ခဲ့လို့"
"ဟင် !"
"မင်းကိုစောင့်နေတာ...တော်တော်နဲ့ထွက်မလာ
လို့ လာခေါ်တာ...လာ...သွားမယ်"
VOCÊ ESTÁ LENDO
Together Forever
Romanceအချစ်ဆိုတာ ကိုယ်သတိမထားမိတဲ့အချိန်မှာ ဖြစ်ပေါ်လာတာမျိုး... အခ်စ္ဆိုတာ ကိုယ္သတိမထားမိတဲ့အခ်ိန္မွာ ဖြစ်ပေါ်လာတာမျိုး...