Episode -31

1K 39 0
                                    

<Unicode>

***Together Forever***
episode -31

အားချင်းမမျှတာကြောင့် ဝတ်ရည်ဘဝက
တစ်ခါမှမမြင်ဖူးသူလက်ထဲမှာ အကြွေပန်းတစ်ပွင့်
ဖြစ်ခဲ့ရသည်။ မိမိရဲ့အသွေးအသားကို အရယူပြီး
တာတောင်မှ ပြန်လွှတ်မပေးဘဲ အိမ်ကြီးတစ်အိမ်
ဆီကို ခေါ်သွားသည်။

ဝတ်ရည်ထွက်ပြေးသွားမည်စိုး၍ ဝတ်ရည်ရဲ့
ခြေထောက်နဲ့ လက်တွေကိုသာ ကြိုးတွေဖြင့်
ချည်နှောင်ထားကြတာကြောင့် ဝတ်ရည် သူမရဲ့
မျက်လုံးတွေကို အလုပ်ပေးနေလိုက်သည်။

အိမ်ကြီးက ရှေးဆန်ပြီးခမ်းနားလွန်းလှသည်။
ဦးကြည်ဆွေ တစ်ခါပြောပြဖူးတဲ့ မြိုင်စံအိမ်ကြီး
ဖြစ်နေမလားဆိုတဲ့စိတ်နဲ့ အိမ်ကြီးထဲကို ဝင်သွား
ချင်ပေမယ့် သူမကိုခေါ်သွားတာက အိမ်ကြီးရဲ့
ဘေးက အဆောက်အဦပျက်တစ်ခုဆီသို့။

လူမနေတာကြာနေပြီဖြစ်တဲ့ ထိုအဆောက်အဦ
ပျက်ကြီးက ချောက်ချားဖွယ်ကောင်းလှသည်။
ပြတင်းပေါက်ခပ်ကျဉ်းကျဉ်းမှဝင်လာတဲ့ အပြင်က
နေရောင်ခပ်မှိန်မှိန်ကြောင့် အဆောက်အဦထဲက
ငြိမ်သက်နေတဲ့အရာတွေကို ခပ်ရေးရေးမြင်နေ
ရသည်။

ကျီ...

''ဟင် !''

တစ်နေရာအရောက်မှာ သူမကိုခေါ်လာတဲ့လူက
ကြမ်းပြင်နဲ့ တစ်သားတည်းဖြစ်နေတဲ့ တံခါးချပ်ကို
ဖွင့်ချလိုက်သည်။

''ဆင်း''

ဝတ်ရည် တံခါးပေါက်မှတစ်ဆင့်မြင်နေရတဲ့
အမှောင်ထုကို ကြောင်တောင်တောင်နဲ့ ငေးကြည့်
နေတုန်း ထိုလူရဲ့အမိန့်ပေးစကားကြောင့်
သူမခြေလှမ်းတွေက အောက်ကိုတဖြည်းဖြည်း
ရွေ့သွားသည်။ စမ်းတမ်းစမ်းတမ်းသွားနေရင်းမှ
ခြေထောက်တွေက အောက်ကိုဆင်းနေတဲ့
လှေကားထစ်တွေပေါ်မှာ အထာကျသွားသည်။
သူမ အခုရောက်နေတာက မြေအောက်ခန်း
တစ်ခုမှန်း သိလိုက်ရပါပြီ။

''အို !''

မြင်လိုက်ရတဲ့မြင်ကွင်းက သွေးပျက်ဖွယ်ရာ။
အကျဉ်းထောင်လို သံတိုင်တွေကာထားတဲ့
အခန်းကျယ်တစ်ခုထဲမှာ မိန်းကလေးတွေ
အများကြီးပါလား။ သူတို့ပုံစံတွေက အသိစိတ်
ကင်းလွတ်နေပုံရသည်။ အားလုံးရဲ့မျက်လုံးတွေ
က ကြောင်တောင်တောင်တွေ ဖြစ်လို့နေသည်။

Together ForeverDonde viven las historias. Descúbrelo ahora