Episode -13

958 44 0
                                    

<Unicode>

"မောင်ထူးဝေ... သားပြန်ရင် မိယွန်းဖို့ ဟင်းလေး
ယူသွားလိုက်ပါဦး... သူ့ကို အိမ်ဘက်လာစားလို့
ခေါ်တာကို လာလည်း မစားဘူး... အလုပ်က
ပြန်ရောက်လို့ ပင်ပန်းတာနဲ့ဆို ဘာမှ ချက်ဖြစ်မှာ
မဟုတ်လောက်ဘူး"

"ဟုတ်ကဲ့ပါ အမေမြ...ကျွန်တော် သွားပေးလိုက်ပါ့မယ်"

တကယ်ဆို ယွန်းက တစ်ယောက်တည်းသမားပါ။
မိဘတွေ မရှိတော့ကတည်းက တစ်ကောင်ကြွက်
တစ်မျက်နှာနဲ့ ဘဝကို ရုန်းကန်နေရရှာတဲ့ သတ္တိခဲမ
လေးပါ။

တစ်ခါတစ်ရံ အားငယ်တတ်ပေမယ့် အမြဲတမ်း
ပြုံးထားတတ်တဲ့ မိန်းကလေးတစ်ဦး။

ယွန်း သူ့ကို ပြောဖူးသည်။

''ငါ စိတ်ညစ်နေရင်တောင်မှ ပြုံးထားလိုက်တဲ့အခါ
စိတ်ညစ်တာတွေ နည်းနည်း လျော့သွားတယ်...
ငါပြုံးနေတာကို မြင်လို့ သူများတွေ စိတ်ချမ်းသာ
သွားရင်လည်း ငါ ကုသိုလ်ရတာပဲလေ''

''အမယ်လေး... နင်ပြုံးနေတာကို မြင်ရင် စိတ်ချမ်းသာ
မယ်... ဟုတ်လား... အားကြီးကြီး... ဒီရုပ်ကြီးကိုများ''

ပြန်တွေးကြည့်မိတော့လည်း သူ ယွန်းကို အတော်လေး
ပြောဆိုခဲ့မိတာပဲ။ သို့သော် ယွန်းဘက်က ဘယ်တော့မှ
အပြုံးမပျက်ခဲ့။ အဲ့လို အပြုံးမပျက်လို့လည်း သူမမှာ
နာကျင်စရာတွေ မရှိဘူးလို့ ထင်ခဲ့မိသည်။

အိမ်ရှေ့ကွပ်ပျစ်မှာ ငိုင်ငိုင်လေး ထိုင်နေတဲ့ ယွန်းကို
ကြည့်ပြီး သူ့စိတ်ထဲ တစ်မျိုးဖြစ်မိသည်။ ခုတစ်လော
သူမကို ကြည့်ရတာ အရင်ကနဲ့ မတူတော့။ သူမမျက်နှာ
ပေါ်မှာ အပြုံးတွေကို သိပ် မတွေ့ရတော့။

"ဟဲ့... မိယွန်း"

"အမေ့ !"

"ဘာတွေ တွေးနေလို့ လူတစ်ယောက်လုံးလာတာ
ကိုတောင် မမြင်ရတာလဲ"

"ဘာမှ မတွေးပါဘူးဟာ"

"ဟွန်း... မတွေးလို့သာပေါ့... တွေးများ တွေးလို့
ကတော့ ခေါ်လို့ရမှာကို မဟုတ်တော့ဘူး... ရော့ ဒီမှာ...
အမေမြက ဟင်းပေးခိုင်းလိုက်တာ"

"အင်း... ပန်းကန်ကို အလုပ်သွားရင်းနဲ့မှ ဝင်ပေးလိုက်
တော့မယ်"

Together ForeverDonde viven las historias. Descúbrelo ahora