Episode -21

910 42 0
                                    

<Unicode>

တိုက်ပုလေးတစ်လုံးရှေ့မှာ ကားတစ်စီး ထိုးရပ်
သွားသည်။ ခြံထဲမှာ ထွန်းထားတဲ့ မှိန်ပျပျ မီးရောင်
ကြောင့် လှုပ်ရှားမှုတွေက သိပ် မပီပြင်။

ကားထဲမှ လူတစ်ယောက် ဆင်းလာသည်။
ထိုလူက ကားနောက်ဖုံးထဲမှာ ထည့်ထားတဲ့
မိန်းကလေးကို ပုခုံးပေါ်ထမ်းကာ တိုက်ပုလေးထဲ
သို့ ဝင်သွားသည်။ ထိုလူ သတိမထားမိလိုက်
တာက မိန်းကလေးရဲ့ လက်ကိုင်အိတ်လေးက
ကားနောက်ခန်းထဲမှာ ကျန်ရစ်တယ် ဆိုတာပါပဲ။

@~~~~@~~~~@~~~~@~~~~@

သူမ မျက်လုံးတွေက ခုထိ ဖွင့်လို့ မရသေးပေမယ့်
အသံတွေကိုတော့ ကြားနေရသည်။ ယောက်ျား
တစ်ယောက်ရဲ့ စကားပြောသံ။

"ငါ သူနဲ့ တစ်ညတည်း ပျော်ရမှာကျ နှမြောဖို့
ကောင်းတယ်ဟ…သူက အရမ်းလှနေတော့
အနည်းဆုံး တစ်ပတ်လောက်တော့…"

"_ _ _ _ _ _ _"

"အေးပါ…နင်ကလည်း…အဲ့လောက် စိတ်မကြီး
ပါနဲ့…နင့်အကောင်ကိုသာ နိုင်အောင်ချည်…
သူ့မိန်းမက ငါ့လက်ထဲ ရောက်ပြီဆိုကတည်းက
သူ့ဆီ ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး"

"_ _ _ _ _ _ _"

"စိတ်ချစမ်းပါ…ငါက ဘာအမှုနဲ့ ထောင်ကျသွား
တာလဲဆိုတာ နင် မေ့သွားပြီလား…ဒီမှာ…
နင့်အစ်ကိုဆိုတဲ့ ငါက သူ့ထက်စွာတဲ့ ဟာတွေ
ကိုတောင် အပိုင်သိမ်းခဲ့တဲ့ကောင်ပါ…သူ့လောက်
ကတော့ အေးဆေးပဲ"

"_ _ _ _ _ _ _"

"ဟားဟား…ငါတော့ မြင်တာနဲ့တင် စိတ်မထိန်း
နိုင်တော့ဘူး"

'ဒါ ဘယ်သူ့အသံလဲ…ငါ ဘယ်ကို ရောက်နေတာ
လဲ'

ရမ္မက်ထန်နေတဲ့ အသံကြီးကြောင့် မေမိုး မျက်လုံး
တွေကို ကြိုးစားဖွင့်ကြည့်သည်။ သို့သော်
မျက်လုံးတွေကို အဝတ်မည်းနဲ့ ဖုံးအုပ်ထားသဖြင့်
ဘာမှ မမြင်ရ။

လက်တွေ ခြေတွေကလည်း လှုပ်လို့မရ။
သူမ ခုမှ သတိထားမိတာက သူမကို
ကုတင်ပေါ်မှာ ပက်လက်လှန်ပြီး ခြေထောက်တွေ
ကိုရော လက်တွေကိုပါ ကြိုးတုပ်ထားတယ်
ဆိုတာပါပဲ။

'ဟင်…ငါ့ကို ဒီလူ…ငါ့ကို…အို…'

တွေးမိရုံနဲ့တင် မျက်ရည်တွေက အလိုလို ကျလာ
သည်။

Together ForeverWhere stories live. Discover now